ပြင်ဦးလွင်၊အနီးစခန်းတွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်ကို လူငယ်တစ်စုမှ ဝယ်သူလိုဟန်ဆောင်ပြီး အနုကြမ်းဝင်စီးခဲ့တဲ့ CCTV မှတ်တမ်းဗီဒီယို

//s9.kh1.co/cc/cc7eb55c6b83155592e9ad46dcae7e58d1a2bd16.jpeg
နေ့စဉ်သတင်းများ

 ၀၆-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၅ နှစ် က

ပြင်ဦးလွင်၊အနီးစခန်းတွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်ကို လူငယ်တစ်စုမှ ဝယ်သူလိုဟန်ဆောင်ပြီး အနုကြမ်းဝင်စီးခဲ့တဲ့ CCTV မှတ်တမ်းဗီဒီယို

လက်ရှိအခြေအနေမှာဆိုရင် စီးပွါးရေး၊ကျန်းမာရေးစတာတွေ ချို့တဲ့နေတာဖြစ်လို့ တချို့မြို့နယ်တွေမှာလုယက်မှုတွေလည်းရှိသလို ခိုးယူကြတာတွေလည်းရှိပါတယ်။မန္တလေးမြို့မှာတော့ အိမ်တွေထဲကို ဆိုင်ကယ်ဝင်ခိုးတာတွေအပြင် အနုကြမ်းစီးတာတွေနဲ့လည်း ပြည်သူလူထုခမျာကြုံတွေ့နေရတာဖြစ်ပါတယ်။ဩဂုတ်လ (၄)ရက်နေ့ကဆိုရင်လည်း ပြင်ဦးလွင်မြို့နယ်၊အနီးစခန်းရှိ Mobile ဖုန်းအရောင်းဆိုင်အတွင်း ည(၉)နာရီအချိန်တွင်အနုကြမ်းဝင်စီးမှုဖြစ်ပွါးခဲ့ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဖုန်းဆိုင်အတွင်းကို လူငယ်တစ်စုဝင်ရောက်လာခဲ့ပြီး ပါလာတဲ့လူငယ်တစ်ယောက်က ဆိုင်မှာဝန်ထမ်းဖြစ်ခဲ့ဖူးတာကြောင့် တံခါးဖွင့်ပြီးရောင်းပေးခဲ့တာဖြစ်ပါတယ်။ဆိုင်ရှင်ကလည်း လူငယ်တစ်စုကို ပုံမှန်အတိုင်းပဲ ဖုန်းလေးတွေပြပြီးရောင်းချနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ အမျိုးသားတစ်ဦးက ကောင်တာကိုခုန်ကျော်ပြီး အထဲကိုဝင်ကာ ဆိုင်ရှင်နားကိုကပ်သွားခဲ့ပါတယ်။နောက်လူငယ်တစ်ယောက်ကလည်း ကောင်တာပေါ်မှာတောင် အကျအနတက်ထိုင်လိုက်သေးတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဆိုင်ရှင်နားမှာကပ်နေတဲ့အမျိုးသားက ပါးစပ်ကိုလက်နဲ့အုပ်ပြီး အတွင်းဘက်ကိုဆွဲခေါ်သွားတာဖြစ်ပါတယ်။ကျန်တဲ့လူတွေကတော့ ဖုန်းဆိုင်တံခါးကိုဆွဲပိတ်ခဲ့တာကို ဗီဒီယိုထဲမှာတွေ့မြင်ရပါတယ်။ဆိုင်ရှင်အန်တီကလည်းအတင်းရုန်းခဲ့ပေမယ့် ယောက်ျားသား(၄)ယောက်ရဲ့အားကိုမတွန်းလှန်နိုင်ခဲ့တာဖြစ်ပါတယ်။အနုကြမ်းဝင်စီးတဲ့သူတွေကတော့ ဟန်းဆက်များယူဆောင်သွားပြီးနောက် ဆိုင်ရှင်ရဲ့ယောက္ခမကိုလည်း ဓားနဲ့ထိုးသွားတယ်လို့သိရပါတယ်။အခုခေတ်ကာလမှာ လူဆိုး၊သူခိုးတွေပေါများနေလို့ ပြည်သူတွေလည်း ဂရုစိုက်နိုင်ကြဖို့အတွက် CCTV ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T