စူးရှထက်ကတော့ ခုလို အချိန်တွေမှာ သူမကိုယ်တိုင်လည်း ဝင်ငွေမရှိတဲ့ ကာလဖြစ်နေပေမယ့် ရှာဖွေစုဆောင်းထားတဲ့ ချွေးနှဲစာနဲ့ တတ်နိုင်သလောက်တော့ အလှူအတန်းတွေကို ပြုလုပ်ပေးနေသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားတရားလည်း ကိုင်းရှိုင်းသလို မိဘကိုလည်း ကျွေးမွေးပြုစုစောင့်ရှောက်နေတာကို လေးစားစွာ တွေ့ရပါတယ်။
မကြာခင်ရက်ပိုင်းကဆိုရင်လည်း သာသနာ့ဘောင်ကို ခေတ္တ ဝင်ရောက်ခဲ့တာဖြစ်ပါတယ် ။ ဒီလို သာသနာ့ဘောင် ဝင်ရောက်နေတဲ့ အချိန်မှာလည်း သူ့အနေနဲ့ ကိုဗစ်လူနာတွေ လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးများကို လှူဒါန်းခဲ့သလို ချို့တဲ့ပြည်သူတွေ အတွက်လည်း စားနပ်ရိက္ခာများ ၊ အလှူငွေများကို တတ်နိုင်သလောက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။
အခု လူပြန်ထွက်လာချိန်မှာလည်း မြဝတီမြို့က ရေဘေးသင့်ပြည်သူတွေ အတွက် အစားအသောက်များ အဆင်ပြေစေရန် ရည်ရွယ်ပြီး ဖွယ်ဖွယ်ရာရာ ထမင်းဟင်းမျိုးစုံကို တစ်အိမ်တက် တစ်အိမ်ဆင်း သွားရောက်လှူဒါန်းခဲ့ပါတယ် ။ အလှူလက်ခံရရှိတဲ့ ပုံတွေနဲ့အတူ " ဒီနေ့ အယောက်၁၅၀စာ မြဝတီမှာ လှူဖစ်တာလေးပါ ချက်ပြုတ်ပေးတဲ့ အဖွဲ့တွေကို လဲ အထူးကျေးဇူးပါနော် နတ်လှူသာဓု ခေါ်နိုင်ကြပါစေ " ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း စူးရှထက်ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။