ကူညီငှါးပေးထားတဲ့ အောက်ဆီဂျင် 50L အိုးကြီးကို သွားပြန်ယူရာမှ ကြုံတွေ့ခဲ့ရတဲ့ အိမ်ရှင်မိသားစုရဲ့လုပ်ရပ်ကို ဖွင့်ဟလာတဲ့ စေတနာရှင်လူငယ်လေးတစ်ဦး

//s9.kh1.co/69/69e86bc48aa1bf629e4501a33c2ee043ea3db6d1.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကူညီငှါးပေးထားတဲ့ အောက်ဆီဂျင် 50L အိုးကြီးကို သွားပြန်ယူရာမှ ကြုံတွေ့ခဲ့ရတဲ့ အိမ်ရှင်မိသားစုရဲ့လုပ်ရပ်ကို ဖွင့်ဟလာတဲ့ စေတနာရှင်လူငယ်လေးတစ်ဦး

လတ်တလောမှာတော့ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်မပြတ်လပ်အောင်လို့ အလှူရှင်တွေရဲ့မတည်မှုနဲ့အောက်ဆီဂျင်စက်ရုံတွေဆောက်လုပ်နေကြပြီဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ စိတ်ဓာတ်ကြံခိုင်မှသာလျှင် ကိုဗစ်ကို တိုက်ထုတ်နိုင်မှာကို သိနားလည်ကြလို့ ကိုဗစ်ကူးစက်ရောဂါခံစားနေရတဲ့လူနာ​တွေလည်း စိတ်ဓာတ်လုံးဝမကျကြတာဖြစ်ပါတယ်။ဒါ့ကြောင့် သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေလည်း ရောဂါကင်းစင်ပြီး ပြန်လည်သက်သာလာတာကို ကြားသိနေရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့ပြည်သူတွေကလည်း အောက်ဆီဂျင်အိုးနဲ့အရည်ကို လူနာတွေထံခဏငှါးပေးပြီး သက်သာပျောက်ကင်းသွားရင် ပြန်သွားယူကာ နောက်တစ်ဦးကို ဆက်လက်ငှါးပေးကြတာဖြစ်ပါတယ်။ကိုဗစ် ပထမလှိုင်း၊ဒုတိယလှိုင်းကတည်းက စည်းလုံးခဲ့တဲ့ မြန်မာပြည်သူတွေကတော့ တတိယလှိုင်းမှာလည်း အပြန်အလှန်ကူညီနေကြဆဲပဲဖြစ်ပါတယ်။အခုဆိုရင်တော့ စေတနာရှင်လူငယ်တစ်ဦးက ကိုဗစ်ဖြစ်တဲ့အိမ်ကို အောက်ဆီဂျင် 50L အိုးကြီးတစ်အိုး ငှါးပေးထားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်မိသားစုလုံး Negative ပြန်ဖြစ်သွားကြလို့ သူလည်း ကူညီပေးထားတဲ့ အောက်ဆီဂျင်အိုးကို ပြန်သွားယူခဲ့ရာမှအိမ်ရှင်မိသားစုရဲ့သိတတ်မှုကို လေးစားနေတာဖြစ်ပါတယ်။လူငယ်လေးကတော့ အခုမှပြန်ကောင်းလာတဲ့မိသားစုဖြစ်လို့ သူတို့မပင်ပန်းရအောင် ဘာမှမပြောဘဲအိုးအလွတ်ပဲ ပြန်သွားယူခဲ့တာဖြစ်ပါတယ်။အိမ်ရှင်မိသားစုကတော့နောက်လူအတွက် အဆင်သင့်ဖြစ်အောင်လို့ အောက်ဆီဂျင်အိုးထဲကို အရည်အပြည့်ပြန်ဖြည့်ထည့်ပေးထားခဲ့တာဖြစ်ပါတယ်။တစ်ဦးမေတ္တာ၊တစ်ဦးစေတနာဆိုသလို အလိုက်သိတတ်မှုလေးကြောင့် ပီတိဖြစ်ခဲ့ရတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T