လတ်တလောမှာတော့ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့အပြင် မြန်မာနိုင်ငံအတွင်းကတချို့နေရာတွေမှာလည်း ရေကြီးမှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ ဒုက္ခဆင်းရဲတွေကို တစ်မျိုးပြီးတစ်မျိုးရင်ဆိုင်နေရတာကြောင့် အားတင်းပြီးကျော်ဖြတ်နေကြရတာဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါနဲ့ သေဆုံးသွားသူတွေကလည်း တစ်နေ့ကို ရာကျော်သေဆုံးနေတာဖြစ်လို့ စိတ်မကောင်းစရာသတင်းတွေကို နေ့စဉ်ကြားသိနေရတာဖြစ်ပါတယ်။
မန္တလေးမြို့မှာတော့ ကိုဗစ်ကူးစက်ရောဂါကို မိမိကမှစတင်ပြီး ကြိုတင်ကာကွယ်နေကြပေမယ့်လည်း ကူးစက်ခံရသူတွေအများအပြားရှိနေပါတယ်။တချို့အိမ်တွေမှာဆိုရင် မိသားစုလိုက်ကူးစက်ခံရတာကြောင့် ရပ်ကွက်နေပြည်သူတွေကပဲ အဲ့ဒီအိမ်အတွက် စားရေးသောက်ရေးနဲ့ကျန်းမာရေးကို တာဝန်ယူစောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း မန္တလေးမြို့မှာ ကိုဗစ်ကြောင့်သေဆုံးသူတွေ အယောက် (၁၀၀) ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
အလောင်း (၁၀၀)ကျော်ကို မီးရှို့ပေးနေကြတဲ့ ဝန်ထမ်းတွေကလည်း နေ့လည် (၁)နာရီ (၄၇)မိနစ်အထိ ရှို့ပေးနေကြရတာဖြစ်ပါတယ်။အလောင်းတွေကလည်း ဘေးနားမှာစုပြုံနေတဲ့ ရင်နင့်စရာမြင်ကွင်းတွေကိုလည်း တွေ့မြင်ရပါတယ်။မီးသင်္ဂြိုလ်စက်မှာရှိတဲ့ ဝန်ထမ်းတွေကတော့ တစ်နေ့လုံး မနားမနေဘဲ မီးရှို့နေတာတောင် (၁)နာရီကျော်အထိ မကုန်သေးလို့ ပင်ပန်းနေကြရှာမှာပဲဖြစ်ပါတယ်။အခုလိုမျိုး သေဆုံးတဲ့သူတွေများပြားလွန်းတာကြောင့် မီးသင်္ဂြိုလ်စက်တွေမှာ အလောင်းတွေ ပြည့်နှက်နေတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Original Uploder