ပင်လယ်ရေနေ သတ္တဝါတွေထဲမှာ ထူထူးဆန်းဆန်းနဲ့ ကြောက်မက်ဖွယ်ရာ အကောင်တွေများစွာ ကျင်လည်နေတဲ့ အထဲမှာမှ Black Swallower ဆိုတဲ့ ငါးကတော့ တစ်ခြားအကောင်တွေနဲ့ မတူပဲ တစ်မူထူးခြားတယ်လို့တောင်ပြောလို့ရပါတယ်။ သူ့ရဲ့ ထူးခြားပုံကတော့ အကောင်ကသာ သေးပေမယ့်လည်း သူ့ထက် အရွယ်အစားနှစ်ဆလောက်ကြီးတဲ့ ငါးအချင်းချင်းကိုတောင် အသာလေးစားပစ်နိုင်တာဖြစ်ပါတယ်။
Black Swallower ငါးတွေဟာ မိမိထက် နှစ်ဆကြီးတဲ့ အကောင်ကို စားနိုင်တာဟာ သူတို့ရဲ့ကြီးမားလှတဲ့ အစာအိမ်ကြောင့်ဖြစ်ပြီး အသာလေးကိုမျိုချနိုင်ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ အစာချေဖျက်စနစ်ဟာ တခြားသတ္တဝါတွေလိုမျိုးမဟုတ်တာကြောင့် ပြန်လည်အန်ထုတ်တဲ့အခါမှာ ဒီအတိုင်းအကောင်လိုက်ပြန်အန်ထုတ် ရတာပဲ ဖြစ်ပါတယ်။
Black Swallower ငါးတွေဟာ ပင်လယ်ရေအောက်အနက်ပိုင်းတွေမှာသာ အနေများပြီး တွေ့ရခဲလှတဲ့ မျိုးစိတ်လည်းဖြစ်ပါတယ်။ အရွယ်အစားကတော့ များသောအားဖြင့် ၈၆ စင်တီမီတာရှိပြီး အညိုရောင်နဲ့ အနက်ရောင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ သူတို့ရဲ့ အစာအဖြစ်အစားများဆုံးကတော့ Bony ငါးတွေဖြစ်ပြီး အခြားသော သူတို့ထက် နှစ်ဆကြီးတဲ့ ငါးတွေကိုလည်း မထင်ရင် မထင်သလို စားကြပါသေးတယ်။
သတင်း အရင်းအမြစ်៖ Underworld