ရန်ကုန်မြို့တွင် ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် နေ့စဉ်နှင့်အမျှ လူတွေ သေဆုံးနေကြရတာ ဖြစ်ပါတယ်။ အများစုမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးနေကြရတာ ဖြစ်ပြီး အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ လူကြီးတွေဟာ ဒီရောဂါရဲ့ ဒဏ်ကို ခံနိုင်ရည် သိပ်မရှိကြပါပဲ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ပရဟိတသူရဲကောင်းများကလည်း ကွယ်လွန်သွားကြသူတွေရဲ့ ရုပ်ကလာပ်များကို သုဿာန်များသို့ PPE ဝတ်စုံများတစ်နေကုန်ဝတ်ဆင်ပြီး ပို့ဆောင်ပေးနေကြရတာ ဖြစ်ပါတယ်။
မနေ့ညက စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ လူမှုကွန်ယက်တွင် သူသယ်ဆောင်လာတဲ့ dead body တစ်ခုမှ တွေ့ကြုံခဲ့ရတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကို ပြန်လည်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ သူကိုယ်တိုင် ရေဝေးသုသာန်သို့ သယ်ဆောင်လာတဲ့ အဘိုးအိုတစ်ဦးရဲ့ရုပ်အလောင်းဟာတခြားသူတွေနဲ့မတူဘဲ လက်သုံးချောင်း ထောင်နေတဲ့ အနေအထားဖြစ်နေပါတယ်။ မြှောက်ထားတဲ့လက်ကို နည်းမျိုးစုံနဲ့ အောက်ကိုချပေမယ့်လည်း လုပ်လို့မရကြောင်းကိုလည်းရေးသားထားပါတယ်။
ဒီဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတဲ့ စေတနာ့ဝန်ထမ်းကလည်း " ဒီကနေ့ ကျွန်တော်ကိုယ်တိုင် ရေဝေးသုသာန် သို့ သယ်ယူပို့ဆောင်ပေးခဲ့တဲ့ ရုပ်အလောင်း တစ်ခု... အဘရယ် စိတ်ဓါတ်ကတော့လေးစားစရာပဲ??????ကောင်းရာသုဂတိလားပါစေ..??????????" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပို့စ်အောက်တွင်လည်း ကွယ်လွန်သူအဘိုးဟာ တရားမှတ်နေရင်းနဲ့ သေဆုံးသွားတာ ဖြစ်မယ်လို့လည်း မှတ်ချက်ပေး ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ ပရိသတ်တွေလည်း သိရှိကြစေဖို့ ဒီသတင်းအပြည့်အစုံကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader