Dead body ကို ရေဝေးသုသာန်သို့ပို့ဆောင်ပေးရင်း တန်းစီပြီးစောင့်နေရတာကြောင့် ကားပေါ်မှာပဲ နေ့ဆွမ်းဘုဉ်းပေးခဲ့ရတဲ့ ဘုန်းဘုန်းဦးသုစရိတ

//s9.kh1.co/fa/fa10dd2c021e38a443af174d54df2f4f25d479e7.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Dead body ကို ရေဝေးသုသာန်သို့ပို့ဆောင်ပေးရင်း တန်းစီပြီးစောင့်နေရတာကြောင့် ကားပေါ်မှာပဲ နေ့ဆွမ်းဘုဉ်းပေးခဲ့ရတဲ့ ဘုန်းဘုန်းဦးသုစရိတ

လက်ရှိမှာ မြန်မာပြည်သူ၊ပြည်သားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို စေတနာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ကိုဗစ်ကြောင့်လည်း သေဆုံးသူတွေများပြားနေတာကြောင့် ပရဟိတအဖွဲ့တွေအပြင် သံဃာတော်တွေကပါ PPE ဝတ်စုံတွေဝတ်ပြီး သုသာန်ကို လိုက်ပို့ပေးနေရတာဖြစ်ပါတယ်။ဦးပဥ္ဇင်းတစ်ပါးဆိုရင် သင်္ကန်းပေါ်မှာ PPE ထပ်ဝတ်ထားလို့ ပူလောင်မှုကိုခံစားရပေမယ့်လည်း လူသားတွေကို ကူညီပေးနေတာဖြစ်ပါတယ်။

Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 

ဦးပဥ္ဇင်းက Ambulance ကားကို ကိုယ်တိုင်မောင်းပြီး ရုပ်အလောင်းတွေကို သယ်ဆောင်ပေးသလို သေဆုံးသူအတွက်လည်း သရဏဂုံတင်ပေးတာဖြစ်ပါတယ်။သေဆုံးတဲ့သူတွေက များပြားလွန်းတာကြောင့် မီးသင်္ဂြိုလ်မယ့်နေရာတွေမှာတောင် တန်းစီပြီးစောင့်ရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဘုန်းဘုန်းဦးသုစရိတ က ဆရာတော်တစ်ပါးရဲ့ Dead Body ကို ရေဝေးသုသာန်သို့ လိုက်ပို့ရင်း ကားတန်းစီပြီးစောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 

ဘုန်းဘုန်းကတော့ စောင့်နေရတဲ့အချိန်မှာ ကားပေါ်မှာပဲ နေ့ဆွမ်းဘုဉ်းပေးရတာဖြစ်ပါတယ်။နေ့ဆွမ်းဘုဉ်းပေးချိန်မှာလည်း တစ်ကိုယ်လုံးကို ပိုးသတ်ဆေးဖြန်းပြီး ဘုန်းပေးခြင်းဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ဘုရားသားတော်အဖြစ် သာသနာ့ဘောင်မှာနေထိုင်နေပေမယ့် လူသားတွေအခက်အခဲနဲ့ကြုံနေရတာကြောင့်တစ်တပ်တစ်အားအနေနဲ့ ဘုန်းဘုန်းက ပါဝင်ကူညီပေးတာဖြစ်ပါတယ်။ဒါ့ကြောင့် ဘုန်းဘုန်းရဲ့စိတ်ဓာတ်ကိုလေးစားကြည်ညိုမိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 
Photo Credit: ဦးသုစရိတ Facebook Acc 

Source&Photo Credit: ဦးသုစရိတ Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T