လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပေမယ့် တိုင်းပြည်ဒုက္ခရောက်ချိန်မှာတော့ ကျရာနေရာကနေပါဝင်ပြီး အာဏာရှင်ကိုတွန်းလှန်နေတဲ့ အမျိုးသမီးတစ်ဦး

//s9.kh1.co/63/633ce1b3566c89af3b85f6474d4878e7898e8c29.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပေမယ့် တိုင်းပြည်ဒုက္ခရောက်ချိန်မှာတော့ ကျရာနေရာကနေပါဝင်ပြီး အာဏာရှင်ကိုတွန်းလှန်နေတဲ့ အမျိုးသမီးတစ်ဦး

အာဏာရှင်လက်အောက်မှာ မနေထိုင်လိုတာကြောင့် ပြည်တွင်းပြည်ပမှာရှိကြတဲ့ မြန်မာပြည်သူတွေဟာ နည်းမျိုးစုံနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေကြပါတယ်။ အာဏာသိမ်းမှုကြောင့် အနာဂတ်အိမ်မက်တွေပျက်စီးသွားခဲ့တာဖြစ်လို့ အလွှာအသီးသီးက ပြည်သူတွေက ရရာနည်းလမ်းတွေနဲ့ တွန်းလှန်နေကြတာဖြစ်ပါတယ်။ရရာလက်နက်ဆွဲကိုင်ပြီး အာဏာရှင်ကို တွန်းလှန်နေကြတဲ့ ပြည်သူတွေထဲ ညောင်တုန်းမြို့က အမျိုးသမီးတစ်ယောက်လည်းပါဝင်ပါတယ်။ အဆိုပါအမျိုးသမီးကတော့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တာဝန်ကို (1.2.2016 ) မှ (31.1.2021) အထိ (၅)နှစ်တာ ထမ်းဆောင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သူမကတော့ တစ်ချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပေမယ့် တိုင်းပြည်ဒုက္ခရောက်ချိန်မှာတော့ ကျရာနေရာကနေ ပါဝင်နေပြီး အာဏာရှင်ကိုဆန့်ကျင်နေတာဖြစ်ပါတယ်။ သူမကတော့ အမျိုးသမီးဖြစ်ပေမယ့် ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ ပင်ပင်ပန်းပန်းစစ်ပညာသင်ကြားပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ကြိုးစားနေတာဖြစ်ပါတယ်။အသက်ကိုပဓာနမထားဘဲ လူအများအတွက် တိုက်ပွဲဝင်ပေးနေတဲ့သူမကတော့ ပြည်သူအများအပြားရဲ့ လေးစားချီးကျူးခြင်းကိုခံထားရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သူမကတော့ ယခုမှာ ပြည်သူအားလုံးအတွက် တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို အမြန်ဆုံးရရှိဖို့ကြိုးစားပေးနေတဲ့အကြောင်း ဖွင့်ဟပြောပြလာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးက " ဒီပွဲက ငါတို့နိုင်မှ ပြီးမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တဲ့ အရေးတော်ပုံကြီးမှာ ပေးဆပ်ပါဝင်ခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်း၊တစ်ယောက်ချင်းစီတိုင်းရဲ့ အသက်၊ သွေး၊ ချွေး၊ ဘဝတွေဟာ အချည်းနှီး မဖြစ်စေရပါဘူး။ပြည်သူအားလုံးအတွက် တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို အမြန်ဆုံးရရှိဖို့၊အကြမ်းဖက်သမားတွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် အချိန်တိုင်းအစွမ်းကုန် ကြိုးစားနေပါတယ်။ဒီအတိုင်း ပြီးသွားမှာလားလို့ မတွေးပါနဲ့။ `ဒီပွဲက ငါတို့နိုင်မှ ပြီးမှာ´´ငါတို့သည် အကြောတင်းစွာ သေချာပေါက် အနိုင်ယူပြနိုင်ရမည်အရေးတော်ပုံ အောင်ရမည် "ဆိုပြီး ပြည်သူတွေကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T