ပြည်သူတွေအတွက် အောက်ဆီဂျင်ရဖို့ ကြိုးစားပေးရင်း ကိုဗစ်ရောဂါကူးစက်ခံလိုက်ရတဲ့ ပရဟိတဘုန်းကြီးတစ်ပါး

//s9.kh1.co/17/173ba87bcee43376907ffb37dcf8f778412314d4.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

အောက်ဆီဂျင်ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး ပရဟိတသမားတွေနဲ့အတူ ပြည်သူတွေမှာ အချင်းချင်း ကူညီကယ်ဆယ်နေကြရတာ ဖြစ်ပါတယ်..။

သံဃာတော်တွေမှာလည်း မနေသာတော့ဘဲ ဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေအတွက် ကိုယ်တိုင်ရှေ့ထွက်ကာ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားကူညီနေကြတာလည်း အားလုံးမြင်တွေ့ကြရမှာပါ..။

Photo Credit - မြနန်းစမ္မစကူးလ် Fb Page
Photo Credit - မြနန်းစမ္မစကူးလ် Fb Page

ပြည်သူတွေကို ဖေးမကူညီရင်း အသက်ပေးခဲ့ကြတဲ့ ပရဟိတသမားတွေနဲ့ ပရဟိတသံဃာတော်တွေလည်း ရှိနေခဲ့ပြီး အခုလည်း စာချဘုန်းကြီးတစ်ပါးဟာ ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့ ကြိုးစားပေးရင်း ကိုယ်တိုင်ရောဂါကူးစက်ခံလိုက်ရပြန်ပါတယ်..။

မုတ္တမမြို့ မြနန်းစမ္မစကူးလ် မြနန်းဌာနမှာ လွန်ခဲ့တဲ့ (၁၀)စုနှစ်ကတည်းက အောက်ဆီဂျင်ပေးဝေ လှူဒါန်းနေတာဖြစ်ပြီး အခုလို က်ုဗစ်ကာလမှာလည်း လူနာတွေအတွက် ကြိုးစားကူညီနေတာ ဖြစ်ပါတယ်..။

ရောဂါကူးစက်ခံရတဲ့ မြနန်းစာချသံဃာတော်ဟာ ကျောင်းမှာ ထိုင်ပြီးတော့ လာသမျှ အောက်စီဂျင်အိုးတွေကို ဖြည့်ပေးနေရတာဖြစ်ပြီး လာတဲ့သူ အကုန်လုံးက ကိုဗစ်နဲ့ ထိစပ်နေသူတွေဖြစ်တာကြောင့် ကူးစက်ခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - မြနန်းစမ္မစကူးလ် Fb Page
Photo Credit - မြနန်းစမ္မစကူးလ် Fb Page
Photo Credit - မြနန်းစမ္မစကူးလ် Fb Page
Photo Credit - မြနန်းစမ္မစကူးလ် Fb Page

မနက်ဆို ကားနဲ့ထွက်သွားပြီး စက်ရုံမှာ သွားတန်းစီကာ တခါတလေ ည (၁၂) နာရီ - မနက်(၂) နာရီလောက်မှ ကျောင်းပြန်ရောက်ကြတာတောင် အောက်ဆီဂျင်အိုး 40L (၂)အိုး (၃)အိုးပဲ ရတယ်လို့ သိရပါတယ်..။

စာချတစ်ပါး အခုလိုကူးစက်ခံရပေမယ့် နောက်လူတွေ မကူးအောင် အောက်ဆီဂျင်ဌာနကို သီးသန့်ခွဲထားပြီး ရသလောက် ကယ်တင်ကာ လှူနေဦးမှာဖြစ်တယ်လို့ မြနန်းဆရာတော်ကြီးက မိန့်ထားပါသေးတယ်..။

Photo Credit - မြနန်းစမ္မစကူးလ် Fb Page
Photo Credit - မြနန်းစမ္မစကူးလ် Fb Page

သတင်း အရင်းအမြစ်မြနန်းစမ္မစကူးလ် Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T