မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းတွေပြန်ဖြစ်နေပြီး ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ပြည်သူအများအပြားဟာ နေ့စဥ်အသက်သေဆုံးနေကြပါတယ်။ ပြည်သူတွေကတော့ ကိုဗစ်ကူးစက်ခံရသူတွေကို တတ်နိုင်သလောက်ကူညီမှုတွေပြုလုပ်ပေးနေကြပါတယ်။ နိုင်ငံခြားကပြန်လာကြတဲ့ ပြည်သူတွေဟာလည်း ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် နေအိမ်တွေဆီတန်းမပြန်ကြဘဲ Qစင်တာတွေမှာ နေထိုင်လျက်ရှိနေကြပါတယ်။ စင်ကာပူနိုင်ငံကနေ အမိနိုင်ငံဆီပြန်လာတဲ့ ပြည်တော်ပြန်တွေဟာ ဘုန်းဘုန်းဦးလှတောကျောင်းတိုက်က မြရွှေပင်ရိပ်သာမှာ Qဝင်လျက်ရှိနေကြပါတယ်။
ယခုမှာတော့ ဘုန်းဘုန်းဦးလှတောကျောင်းတိုက်မှ ဘုန်းဘုန်းတစ်ပါးဟာ Quarantine ဝင်နေကြတဲ့ စင်ကာပူပြည်တော်ပြန်အချို့ရဲ့ စည်းကမ်းမလိုက်နာပုံကို ဗီဒီယိုရိုက်ကူးပြီး ပြသလာခဲ့ပါတယ် ။မြရွှေပင်ရိပ်သာမှာ Qဝင်နေကြတဲ့ပြည်သူအချို့ဟာ ကျောင်းတိုက်ကချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာခြင်းမရှိဘဲ အရက်သေစာသောက်စားတာတွေ၊ဆေးလိပ်နဲ့ကွမ်းစားတာတွေအပြင်ဖဲရိုက်တာတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါဘုန်းဘုန်းက အသက်စွန့်ပြီး ပြည်သူတွေကို တတ်နိုင်သမျှကူညီနေပါလျှက်နဲ့ စည်းကမ်းဖောက်ဖျက်တဲ့ပြည်တော်ပြန်တွေကြောင့် Q Centerပိတ်ဖို့စဥ်းစားနေကြောင်း ပြောပြလာခဲ့ပါတယ်။
စည်းကမ်းမလိုက်နာကြတဲ့ ပြည်တော်ပြန်တွေကိုတော့ ကျောင်းတိုက်မှ နှင်ထုတ်လိုက်ပြီလို့လည်း သိရပါတယ်။ ပုလဲမြို့သစ်ဘုန်းဘုန်းဦးလှတောကျောင်းတိုက်မှ ဆရာတော်တစ်ပါးက " မြရွှေပင်မှာစည်းကမ်းတွေရှိလျှက် မလိုက်နာကြဘူးမကောင်းတဲ့အကျင့်ဆိုးပယ်ရမှာကြောက်တဲ့လူမျိုး "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာကြဘဲ အရက်ပုလင်းနဲ့ဆေးလိပ်တွေ တွေ့ရှိရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဘုန်းဘုန်းရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder