အတူနေတဲ့ဖခင်က ကိုဗစ်နဲ့ဆုံးပါးသွားလို့ နေစရာ၊စားစရာမရှိဘဲ အခက်ကြုံရပြီဖြစ်တဲ့ ကလေးသုံးယောက်ရဲ့ရင်နင့်စရာအဖြစ်

//s9.kh1.co/00/00c4b2b1ea1ff9be171fadba076232cf35f260ab.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အတူနေတဲ့ဖခင်က ကိုဗစ်နဲ့ဆုံးပါးသွားလို့ နေစရာ၊စားစရာမရှိဘဲ အခက်ကြုံရပြီဖြစ်တဲ့ ကလေးသုံးယောက်ရဲ့ရင်နင့်စရာအဖြစ်

ကိုဗစ်တတိယလှိုင်းမှာတော့ နေ့စဥ်နဲ့အမျှ အသက်ဆုံးရှုံးနေရတဲ့ ပြည်သူဦးရေက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာကို တွေ့နေရတာပဲ ဖြစ်ပါတယ် ။ အရင်ကလိုမျိုး ဆေးကုသရန်မလွယ်ကူတော့တဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့ အောက်ဆီဂျင် လုံလောက်စွာမရရှိတာကြောင့် အများဆုံး သေဆုံးနေရတာ ဖြစ်ပါတယ် ။ သုသာန်တွေမှာဆိုရင်လည်း မီးသင်္ဂြိုဟ်ဖို့အတွက် တန်းစီစောင့်နေတဲ့ ရုပ်အလောင်းတွေက အပြည့်နေရာယူထားတာ ဖြစ်ပါတယ် ။

Photo Credit-Htin Lin Aung's FB Acc
Photo Credit-Htin Lin Aung's FB Acc

အခုဆိုရင်လည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးရဲ့ရုပ်အလောင်းကို သွားသယ်ပေးရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ကို ဖွင့်ဟထားပါတယ်။ ပုလဲအရန်မီးသတ်တပ်ဖွဲ့က လာသယ်မယ့်သူမရှိလို့ အခက်တွေ့နေတဲ့ သုဝဏ္ဏသင်္ဃန်းကျွန်းဘက်က အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို သွားရောက်ကူညီပြီး သုသာန်ကိုပို့ပေးခဲ့တာ ဖြစ်ပါတယ် ။ သေဆုံးသူအမျိုးသားမှာတော့ ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး အခုတော့ ကလေးတွေခမျာ နေစရာမရှိဘဲ ဒုက္ခရောက်ရရှာပြီ ဖြစ်ပါတယ် ။

Photo Credit-Htin Lin Aung's FB Acc
Photo Credit-Htin Lin Aung's FB Acc
Photo Credit-Htin Lin Aung's FB Acc
Photo Credit-Htin Lin Aung's FB Acc

သားအကြီးဆုံးဖြစ်တဲ့ကောင်လေးက အလုပ်လုပ်ပြီး သူ့ရဲ့ဖခင်ကို ဆေးကုပေးခဲ့သေးတာလည်း ဖြစ်ပါတယ် ။ အခုတော့ ဖခင်မဲ့သွားပြီဖြစ်တဲ့ ဒီကလေးတွေရဲ့ရှေ့ရေးကိုတွေးပြီး အတော်လေးကို စိတ်မကောင်းဖြစ်မိကြောင်း ပုလဲအရန်မီးသတ်ရဲ့တာဝန်ရှိသူက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖခင်ရဲ့ရုပ်အလောင်းသယ်သွားတာကို အဝေးကနေကြည့်ပြီး နှုတ်ဆက်နေကြတဲ့ ကလေးသုံးယောက်ရဲ့မြင်ကွင်းကလည်း တကယ့်ကို ဝမ်းနည်းကြေကွဲစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Htin Lin Aung's FB Acc

Photo Credit-Htin Lin Aung's FB Acc
Photo Credit-Htin Lin Aung's FB Acc
Photo Credit-Htin Lin Aung's FB Acc
Photo Credit-Htin Lin Aung's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T