ခုဖော်ပြပေးမယ့်အကြောင်းအရာကတော့ ဘ၀မှာ အခက်အခဲတွေရှိခဲ့ပေမယ့်လည်း လွယ်လွယ်ကူကူနဲ့အရှုံးမပေးပဲ သံမဏိလိုမာကြောတဲ့ စိတ်ဓာတ်နဲ့ ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းတဲ့သူတွေအကြောင်းပဲဖြစ်ပါတယ်။
Josh Sundquist
Josh ဟာအသက်၁၀နှစ်အရွယ်မှာ အရိုးကင်ဆာရောဂါခံစားရပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ အသက် ၁၃နှစ်အရွယ်မှာတော့ ရောဂါကို ကုသခဲ့ပြီး နှင်းလျှောစီး သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်နှင်းလျှောစီး အသင်းရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး အောင်မြင်တဲ့စာရေးဆရာတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။
Jason Padgett
Jason ကတော့ ဘားတစ်ခုမှာဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့် ဦးနှောက် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာကနေပြန်လည် သက်သာလာချိန်မှာတော့ သူဟာ ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းပုံတွေကို ထူးဆန်းစွာ မြင်တွေ့ လာခဲ့ပါတယ်။ သိပ္ပံပညာရှင်များကတော့ အခုလို ဖြစ်ရပ်ဟာ အလွန်ရှားပါးပြီး ဖြစ်တောင့် ဖြစ်ခဲ့လှတယ်လို့ ဆိုပါတယ်။
Reinhold Messner
Reinhold ကတော့ တောင်တက်ရာမှာ နာမည်ကြီးတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။သူနာမည်ကြီးပုံကတော့ မီတာ ၈၀၀ကျော်အမြင့်ရှိတဲ့ တောင်တွေကို တက်ရောက်ရာမှာ အောက်စီဂျင်အပိုမပါပဲ တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆရာဝန်ကတော့ ယခုလို အောက်စီဂျင်မပါပဲ တက်ရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပေမယ့် Reinhold ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတာ သက်သေပြခဲ့ပါတယ်။
Herbert Nitsch
Herbert ဟာ ဩစတေးလျ နိုင်ငံသားတစ်ဦး ဖြစ်ပြီး အလွတ်ဒိုင်ဗင်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲ ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ကြိမ်မှာတော့ ဒိုင်ဗင်ထိုးလိုက်တဲ့အချိန်မှာ ထုံထိုင်းသွားပြီး မေ့မျောသွားခဲ့ပါတယ်။ နှစ်အတော်ကြာတဲ့အခါ မှာ Herbertဟာ တခါပြန်ပီးတော့ ရေအနက်တော်တော်ထိရောက်အောင် ဒိုင်ဗင်ထိုးတာလေ့ကျင့်ခဲ့ပြီး ရေအနက် ၂၅၃မီတာအထိရောက်အောင် ဒိုင်ဗင်ထိုးနိုင်ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Cracked