မိခင်ဝမ်းထဲက ထွက်လာပြီးပြီးချင်းမှာပဲ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားရတဲ့ မွေးကင်းစကလေးငယ်

//s9.kh1.co/94/946437bbed18df31b2bec39bcd4d96a8edbe5244.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

တတိယလှိုင်း Covid 19 ရောဂါရဲ့ ကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေအများအပြားသေဆုံးနေကြရတာ တွေ့ရပါတယ်..။

​ထိရောက်တဲ့ဆေးကုသမှု မရတာတွေကြောင့်လည်း ကြွေလွင့်ခဲ့ရတဲ့ အသက်ပေါင်းများစွာ ရှိသလို လူကြီးလူငယ်မရွေး သေဆုံးနေကြရတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အခုတစ်ခါမှာလည်း မွေးကင်းစကလေးငယ်တစ်ဦးဟာ မိခင်ဝမ်းထဲက ထွက်လာပြီးပြီးချင်းမှာပဲ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားခဲ့ရပြန်ပါပြီ..။

ကလေးငယ်ရဲ့ မိခင်ဖြစ်သူမှာ ကိုဗစ်ကူးစက်ခံထားရသူတစ်ဦးဖြစ်ပြီး ဇူလိုင်လ(၁၈)ရက်နေ့ မီးဖွားပြီးချိန်မှာ ကလေးငယ်လေးဟာ ကရင်ပြည်နယ်၊ သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံမှာကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

လက်ရှိမှာတော့  မိခင်က ကိုဗစ်ရောဂါနဲ့ သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပြီး ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ သင်္ကန်းညီနောင်  မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်..။

ကိုးလလုံးလုံး မျှော်လင့်ချက်အပြည့်နဲ့ ကိုယ်ဝန်လွယ်ထားခဲ့ပေမယ့် မွေးဖွားပြီးချင်းချင်း ကိုဗစ်ရောဂါဆိုးကြီးကြောင့် သေဆုံးသွားရတဲ့ ရင်သွေးလေးအတွက် မိဘတွေကတော့ ရင်နင့်အောင် ဝမ်းနည်းကြေကွဲရသလို ပြည်သူတွေလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T