ကိုဗစ်တတိယလှိုင်းကို ပြည်သူအများအပြားခံစားနေရပြီး ကိုဗစ်ရောဂါကူးစက်ခံရမှုတွေကြောင့် ပြည်သူတွေလည်း နေ့စဥ်အသက်သေဆုံးလျက်ရှိနေပါတယ်။ ယခင်အစိုးရလက်ထက်ကလို ကိုဗစ်ရောဂါကူးစက်မှုကို စနစ်တကျကိုင်တွယ်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ပြည်သူအများအပြားက ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ ကိုဗစ်လူနာတွေအနေနဲ့ ဆေးရုံမှာ ဆေးကုသခွင့်မရတဲ့ အခက်အခဲတွေ၊အောက်ဆီဂျင်မရရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။မနေ့ညကတော့ မြောက်ဥက္ကလာဆေးရုံမှာ လူအများစိတ်မကောင်းဖြစ်ဒေါသထွက်ရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။
အကြောင်းကတော့ ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေတင်ခေါ်လာတဲ့ ပရဟိတကားတွေကို ဆေးရုံထဲလုံးဝပေးမဝင်ဘဲ သေနတ်နဲ့ချိန်ထားခဲ့တာဖြစ်ပါတယ်။ ဆေးရုံဝန်းထဲပေးမဝင်တာကြောင့် လမ်းမပေါ်မှာ ပရဟိတကားတွေတန်းစီပြီး ဒုက္ခရောက်နေရတဲ့အကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Volunteerတစ်ဦးက ဗီဒီယိုရိုက်ကူးပြီး ပြည်သူတွေသိရှိအောင် မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။အဆိုပါVolunteer တစ်ဦးက " လုံးဝပေးမဝင်ပါဘူးခင်ဗျာ သေနတ်နဲ့ချိန်ထားပါတယ် အသေသတ်နေတာ ကျည်ဆံမကုန်ဘဲ အသေသတ်နေတာ"ဆိုပြီး ပြောဆိုနေတာတွေ့ရပါတယ်။
အဆိုပါဗီဒီယိုဖိုင်ဟာ ကြည့်ရူသူတွေလည်း အလွန်များပြားနေပြီး ဆေးရုံထဲပေးမဝင်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးပါဘူး။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Volunteerတစ်ဦးကတော့ " ယခု ည မြောက်ဥက္ကလာဆေးရုံ လူနာတင်ကားများ ပေးမဝင်ပဲ သေနတ် နဲ့ ချိန် ထား "ဆိုပြီး အဆိုပါဗီဒီယိုဖိုင်နဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဆေးရုံထဲပေးမဝင်တာကြောင့် ဒုက္ခရောက်နေတဲ့ အခြေအနေကို ပြောပြနေတဲ့ Volunteerတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။
Source : Original Uploder