မတည်ငြိမ်နိုင်သေးတဲ့ နိုင်ငံရေး အခြေအနေတွေအပြင် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကြောင့် မြန်မာနိုင်ငံ အနှံအပြားရှိ ပြည်သူတွေက အခက်အခဲတွေ မျိုးစုံကို ကြုံတွေ့နေရပါတယ် ။ ပြည်မမှာလည်း အလုပ်အကိုင်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြသလို တောင်တန်းဒေသတွေမှာလည်း တိုတ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေလည်း များပြားစွာရှိနေပါတယ်။
ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက် ဖြေရှင်းပေးရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။ လူတိုင်းကတော့ ကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့် လျှောက်လှမ်းနေကြတဲ့ ပန်းတိုင်က တူညီနေလို့ လက်တွဲ ညီညီနဲ့ ကူညီဖေးမရင်း အားတင်းထားကြတာပါ ။ ခုဆိုရင် စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူတွေ အတွက် စေတနာရှင်တွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ မျိုးစုံ ပြုလုပ်ပေးလျက်ရှိပါတယ်။
အခုလည်း မကွေးမြို့ တစ်နေရာမှာ အိမ်တိုင်းလိုလိုရဲ့ အရှေ့တွေမှာ ဟင်းချက်စရာများကို လိုက်ချိတ်ပေးနေတဲ့ အလှူပို့စ်တစ်ခု တွေ့ရပါတယ် ။ တကယ်ကို မွန်မြတ်ပြီး ကြည်နူးစရာ မြင်ကွင်းလေးပါပဲနော် ။ နည်းသည် များသည်ဖြစ်စေ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေသွားရင်ကို အလှူရှင်အဖို့ ပီတိဖြစ်စရာပဲမဟုတ်လား ။ ပရိသတ်ကြီးအတွက် မကွေးမြို့တစ်နေရာက ချစ်စရာကောင်းတဲ့ ဒီအလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။