လက်ရှိမှာတော့ မြန်မာ့ပြည်တွင်းရေးအခြေအနေနဲ့ ကိုဗစ်တတိယလှိုင်းတို့ကြောင့် ပြည်သူလူထုလည်း မနည်းရုန်းကန်နေရတာဖြစ်ပါတယ်။ဒီလိုအချိန်မှာ ပြည်သူတွေက အခက်အခဲတွေကို ရင်ဆိုင်နေရပေမယ့် ဒုက္ခရောက်နေတဲ့သူတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။ကိုဗစ်တတိယလှိုင်းကို ကျော်လွှားဖို့အတွက်ပရဟိတအဖွဲ့အစည်းတွေအပြင်၊စေတနာရှင်လူကြီး၊လူငယ်တွေနဲ့ ဘုရားသားတော်တွေကပါ အဘက်ဘက်ကနေကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ဘုရားသားတော်အဖြစ် သာသနာ့ဝန်ကို ထမ်းရွက်နေတဲ့ ဦးပဥ္ဇင်းတစ်ပါးက PPE ဝတ်စုံကိုသင်္ကန်းပေါ်မှာ ထပ်ဝတ်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ဘုန်းဘုန်းကတော့ လူသားတွေအပေါ်မှာ သနားဂရုဏာထားပြီး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတာဖြစ်ပါတယ်။ဒါ့ကြောင့် ဘုန်းဘုန်းရဲ့စိတ်ဓာတ်ကို ပြည်သူတွေက လေးစားကြပြီး ကြည်ညိုနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဘုန်းဘုန်းကပရဟိတအလုပ်တွေလုပ်ဆောင်နေရင်းနဲ့ နေ့ဆွမ်းအမှီလေး အပြေးအလွှားဘုဉ်းပေးနေတာဖြစ်ပါတယ်။
ဘုန်းဘုန်းကတော့ ဘုရားသားတော်အဖြစ်ခံယူထားတာကြောင့် ဝိနည်းနဲ့အညီလည်း နေထိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။အခုလိုမျိုး ကိုယ်ကျိုးစွန့်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတဲ့ ဘုန်းဘုန်းရဲ့ ဆွမ်းဘုဉ်းပေးနေတဲ့ပုံရိပ်လေးကလည်း ပြည်သူတွေရဲ့ရင်ကိုထိမှန်စေခဲ့ပါတယ်။သာသနာ့ဝန်ကိုလည်းထမ်းရွက်ရင်း လူသားတွေကိုလည်း စာနာသနားပေးတတ်တဲ့ ဘုန်းဘုန်းရဲ့ပုံရိပ်လေးတွေကို ကြည်ညိုစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder