K Pop industryမှာ vocal, rap, danceနဲ့ visualsတို့ဟာ မရှိမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် Live Performanceတွေကလည်း K Pop industryမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါ၀င်နေတာဖြစ်ပါတယ်။ Live Performanceတွေကနေတစ်ဆင့် Idolsတွေဟာ သူတို့ရဲ့အနုပညာအရည်အချင်းတွေကို ပိုပြီးပြသနိုင်တာကို တွေ့ရပါတယ်။ အခုလို Live Performance အနေနဲ့ဆိုကြတဲ့နေရာမှာ အရည်အချင်းပြည့်၀လွန်းတဲ့ K Popထိပ်တန်းအဆိုတော် (၅)ဦးကိုဖော်ပြပေးချင်ပါတယ်။

နံပါတ်(၁)အနေနဲ့ကတော့ Alieeပါ။ Alieeဟာ K pop လောကရဲ့ vocalအကောင်းဆုံးအဆိုတော်တစ်ဦးပါ။ သူမရဲ့ vocal capacity, tone, rangeနဲ့ အသံထိန်းချုပ်နိုင်မှုတို့ဟာ ဆရာကျတယ်လို့တောင် မှတ်ချက်ပေးကြတာကိုတွေ့ရပါတယ်။

နံပါတ်(၂)အနေနဲ့ ဖော်ပြပေးချင်တာက IUပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီးအပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားရုံသာမက ပြီးပြည့်စုံလွန်းတဲ့ အသံကာလာလေးနဲ့သီချင်းအေးအေးလေးတွေကို သီဆိုတတ်ပြီး သူမရဲ့ Live vocalဟာ အပြစ်ပြောစရာမရှိဘူးလို့ မှတ်ချက်ပေးခံထားရတာဖြစ်ပါတယ်။

နံပါတ်(၃)အနေနဲ့ ဖော်ပြပေးချင်တာက NCT's TaeIl ပဲဖြစ်ပါတယ်။ NCT ရဲ့ High notesအတော်များများကို တစ်ယောက်တည်း ပိုင်နိုင်အောင် သီဆိုနိုင်တဲ့သူဖြစ်ပြီး ပြိုင်ဘက်ကင်းအဆိုတော်တစ်ယောက်လဲဖြစ်ပါတယ်။ Taellဟာ Lower registerကနေ High notesတွေအထိ ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့သူတစ်ဦးပါ။
နံပါတ်(၄)ကတော့ Lee Hi ပဲဖြစ်ပါတယ်။ သူမရဲ့ အသံကို ဘုရားပေးထားတဲ့ဆုလို့တောင် ပရိသတ်တွေက တင်စားထားကြတာကိုတွေ့ရပါတယ်။ သူမရဲ့ studio အသံနဲ့ Live Performanceက အသံတို့ဟာ တစ်ထပ်တည်းကျတာကြောင့် ပရိသတ်တွေရဲ့အံ့ဩချီးကျူးမှုတွေကို ရရှိထားတဲ့သူပါ။

နံပါတ်(၅)အနေနဲ့ ဖော်ပြပေးချင်တာက Girls Generation's TaeYeonပါ။ Girl Generation အဖွဲ့ရဲ့ main vocalတစ်ဦးလည်းဖြစ်တဲ့သူမဟာ solo songsတွေလည်း အများကြီးထွက်ရှိထားပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေရရှိထားဆဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Twitter