မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်သလို မြန်မာရုပ်ရှင်ဇာတ်ကားတွေ အတော်များများမှာလည်း ပါ၀င်သရုပ်ဆောင်လေ့ရှိတဲ့ဝါရင့်သရုပ်ဆောင်ကြီး ဦးလူမုန်းဟာ ဒီကနေ့ဇူလိုင်လ (၁၄)ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဦးလူမုန်းဟာ ဒီကနေ့ နေ့လည် ၃နာရီခွဲခန့်မှာ သူ့ရဲ့နေအိမ်မှာကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဦးလူမုန်းရဲ့ဆုံးပါးသွားတဲ့သတင်းကြောင့် အနုပညာရှင်အတော်များများလည်း ၀မ်းနည်းနေကြပြီး သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ဟာလည်း သူမရဲ့ Facebook စာမျက်နှာမှာ "အဖေကြီး
တကယ်လားဟင် တစ်နေ့ကတောင်သမီး ငါ့ကိုအောက်ဆီဂျင်တစ်အိုးလောက်ရှာပေးပါတဲ့ ?
သမီးဘာရေးတင်တင် စနောက်ပီး နေခဲ့တာ
သမီး အဖေကြီးလိုချင်တဲ့အောက်ဆီဂျင်
မရှာပေးလိုက်နိုက်ဘူး တောင်းပန်ပါတယ်နော်???......" ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။
ဦးလူမုန်းဆုံးပါးသွားတဲ့သတင်းကြောင့် ပြည်သူပရိသတ်တွေလည်း လွန်စွာစိတ်မကောင်းဖြစ်နေကြကာ ၀မ်းနည်းစကားတွေရေးသားလာကြတာတွေ့ရပါတယ်။ အခုလိုမြန်မာဇာတ်လမ်းတွေထဲမှာ သရုပ်ဆောင်ပီပီပြင်ပြင်နဲ့ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ ဦးလူမုန်းဆုံးပါးသွားခြင်းကလည်း အနုပညာလောကအနေနဲ့ဆုံးရှုံးမှုကြီးတစ်ခုပါ။ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်.....။
သတင်း အရင်းအမြစ်៖ Nhying Shin's Facebook acc