ပုံမှန်တိရစ္ဆာန်တွေထက် အလွန်တရာကြီးမားလွန်လှတဲ့ ကမ္ဘာပေါ်က တိရစ္ဆာန်ကြီးများ

//s9.kh1.co/79/79e411bfc64fa906744268c6e690a56f0c580612.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ခုလက်ရှိကမ္ဘာမှာ အကြီးဆုံးတိရစ္ဆာန်တွေက ဘာကောင်တွေဖြစ်မယ်လို့ သင်ထင်ပါသလဲ။ ဆင်လား ဝေလငါးလား မဟုတ်ပါဘူး.... ပြောပြချင်တာကတော့ ပုံမှန်ရှိရမှာထက်ကြီးနေတဲ့ တိရစ္ဆာန်တွေကို ဆိုလိုချင်းပဲဖြစ်ပါတယ်။ ပထမဆုံး ဖော်ပြမှာကတော့ ကမ္ဘာပေါ်မှာ ပုံမှန်ထက်ကြီးမားနေပြီး Australia အနောက်ပိုင်းမှာရှိတဲ့ လယ်ကွင်းထဲက Knickers the cow ဆိုတဲ့ နွားကြီးပဲဖြစ်ပါတယ်။ သူရဲ့အလေးချိန်ဟာဆိုရင် ပေါင်၃၀၈၀ ရှိပြီး အမြင့်ဟာဆိုရင်တော့ ၆ပေ၄လက်မ ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=282,q=100/e3/e35e2cb65ebd8b2784624588b8ba9e190eac51b1.jpg
https://s9.kh1.co/__image/w=600,h=767,q=100/a1/a1b9a1358ffd0a949cafdc40d4326189300d99c7.jpg

တော်တော်ကိုကြီးမားတဲ့ နွားကြီးပါ။ သူကို သီးခြားမထားပဲ တခြားနွား‌ေတွလိုပဲ အတူတူထားရှိထားပါတယ်..... ပုံမှန်ထက်ကြီးတဲ့ တိရစ္ဆာန်တွေထဲမှာ သူတစ်ကောင်ထဲမဟုတ်ပါဘူး။ နောက်တစ်ကောင်ကတော့ Mystery chicken ဆိုတဲ့ကြက်ဖပဲဖြစ်ပါတယ်။ သူကိုတော့ Video တစ်ခုမှာတွေ့ရှိခဲ့တာဖြစ်ပြီး ကြက်ဖတစ်ကောင်အနေနဲ့တော့ ကြီးပါတယ်။ Samson the mighty Maine Coon ဆိုတဲ့ ကြောင်ကတော့ အလေးချိန်၂၈ပေါင်းရှိပြီး အရှည်ကတော့ ၄ပေရှိပါတယ်။ Instagram မှာ follower 180,000 ရှိပါတယ်။ နောက်တစ်ကောင်ကတော့ Darius the rabbit ဆိုတဲ့ယုန်ဖြစ်ပါတယ်။ သူဟာ ၄ပေ၄လက်မ အရှည်ရှိပြီး တစ်နှစ်ကို မုန်လာဥ ၂၀၀၀နဲ့ ပန်းသီးအလုံး ၇၀၀စားပါတယ်။

https://s9.kh1.co/__image/w=608,h=663,q=100/d1/d113a759d00e69d2c5643cbf52cd29c589083e22.jpg
https://s9.kh1.co/__image/w=634,h=922,q=100/19/19ed2e02e882872be91cfedee7106456999b6faf.jpg
https://s9.kh1.co/__image/w=600,h=460,q=100/05/05a8bd3ff3704e221a44f052c98efa86f03c12e2.jpg

ရေနေသတ္တဝါအနေနဲ့ အကြီးမားဆုံးဖြစ်နေတာက Sting ray(အဆိပ်ဆူးပါ ငါးလိပ်ကျောက်) ဖြစ်ပြီး အရှည်ကတော့ ၁၄ပေရှိကာ အလေးချိန်ကတော့ ပေါင်၈၀၀ ရှိပါတယ်။ နောက်တစ်ကောင်ကတော့ Bopper the dog ပဲဖြစ်ပါတယ်။ သူရဲ့အလေးချိန်ကတော့ 27kg ရှိပါတယ်။ နောက်ဆုံးတိရစ္ဆာန်ကတော့ Lolong the crocodile(ရေငံ မိကျောင်း) ပဲဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်အငယ်ငယ်က သေဆုံးခဲ့ပြီး အရှည်က၂၁ပေရှိပါတယ်။ ဒီတိရစ္ဆာန်တွေအပြင် ကမ္ဘာပေါ်မှာ ပုံမှန်ထက် ကြီးမားလှတဲ့ အကောင်တွေ ရှိနေကြအုန်းမှာပါပဲ။

https://s9.kh1.co/__image/w=600,h=425,q=100/a1/a13133e7dce19c1a9df1dd57d688c804d1d5cc59.jpg
https://s9.kh1.co/__image/w=650,h=433,q=100/a2/a2da4b08d7f46fb991d16edfb5188abfdb2e9263.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T