ဒီမိုကရေစီ လှုပ်မှုကာလအတွင်းမှာ အာဏာရှင်လူတစ်စုရဲ့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ အများအပြားသေဆုံးခဲ့ရပြီး အချို့မှာ ယခုအချိန်ထိ ဖမ်းဆီးခံထားရတုန်းပဲ ဖြစ်ပါတယ်။ ဇူလိုင်လ(၁၀)ရက်နေ့က ဆိုရင်လည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ တမူးခရိုင်ထဲက ကျေးရွာတစ်ရွာမှာနေထိုင်တဲ့ လူငယ်(၆)ဦးဟာ ည (၁၀) နာရီလောက်မှာ ရွာအနီးနားကနေပြန်လာစဥ် အာဏာရှင်လူတစ်စုက အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် လူငယ်(၂) ဦးက နေရာမှာပဲ သေဆုံးခဲ့ပြီး ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်(၃)ဦးထဲက (၂)ဦးလည်း ထပ်မံသေဆုံးသွားခဲ့ရပါတယ်။



သေဆုံးသွားတဲ့ လူငယ်(၄) ဦးကတော့ ငမ်ကျင်ပေါင် (၂၃) နှစ် ၊ မာန်ဂိုးဟို (၁၇)နှစ် ၊ ဒိုခိုလက် (၁၆)နှစ် ၊ နဲ့ ပေါင်ဂင်းမန် (၁၈)နှစ် တို့ပဲဖြစ်ပါတယ်။ အဆိုပါ လူငယ်(၄)ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ မိဘဆွေမျိုးတွေက သွားရောက်တောင်းခံခဲ့ကြပေမယ့် ပြန်မရခဲ့တာကြောင့် ဇူလိုင် (၁၃) ရက်နေ့မှာ အလောင်းမပါဘဲ စျာပနအခမ်းအနားကို ရွာထဲမှာပဲ ပြုလုပ်ခဲ့ကြပါတယ်။



လူငယ် (၄)ဦးရဲ့ အလောင်းမပါဘဲ စျာပနပွဲ မိဘဆွေမျိုးတွေက ပြုလုပ်ပေးခဲ့တဲ့ ဗီဒီယိုလေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီဗီဒီယိုထဲက ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကတော့ ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေကြတဲ့ မြင်ကွင်းကတော့ တကယ့်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ဒါ့အပြင် ယင်းစျာပနပွဲကို ဆိုင်ကယ်နဲ့လာခဲ့တဲ့ လူငယ်(၁)ဦးဟာ ဖမ်းဆီးခံရတဲ့ လူငယ်(၃)ဦးထဲက အသက်မသေဘဲ ဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ပြန်လွတ်မြောက်လာခဲ့တဲ့ လူငယ်(၁)ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒီဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်တွေလည်း မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရမယ်လို့ ထင်မိပါတယ်။

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)
https://fb.watch/v/vsFga3r9/
သတင်း အရင်းအမြစ်៖ Video Credit & Source - Zalen fb page