လက်ရှိအခြေအနေမှာ လူကြီးလူငယ်မရွေး အောက်ဆီဂျင် ပြတ်လပ်မှုအခြေအနေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ အောက်ဆီဂျင်ဖြန့်ဝေပေးတဲ့ နေရာတော်တော်များများမှာလည်း အောက်ဆီဂျင် အိုးကြီး၊အိုးငယ်များဖြင့် စောင့်ဆိုင်းနေကြတာကို စိတ်မကောင်းဖွယ် မြင်တွေ့နေရပါတယ်။ အလှူရှင်များကလည်း ဒီအခြေအနေဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးနေကြတာလည်း ဖြစ်ပါတယ်။


ရန်ကုန်မြို့တွင် အောက်ဆီဂျင်ပြတ်လပ်မှု ပြသနာတွေကြောင့် တစ်နေ့ကို လူပေါင်းရာချီ သေဆုံးနေကြရတယ်လို့လူမှုကူညီရေးပရဟိတအဖွဲ့များမှ ရေးသားဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ မြောက်ဥက္ကလာမှာရှိတဲ့ ရေဝေးသုဿာန်တွင်လည်း ဇူလိုင်လ (၁၂) ရက် တစ်နေ့တည်းနဲ့တင် ရုပ်အလောင်း ရာနဲ့ချီ သဂြိုလ်ခဲ့ကြရပါတယ်။ရုပ်ကလာပ်တွေကို မီးသဂြိုလ်ဖို့အတွက် သူတို့ရဲ့ မိသားစုဝင်များဟာ တန်းစီစောင့်ဆိုင်းနေကြရတာ ဖြစ်ပါတယ်။ဖခင်ရဲ့ နာရေးကိစ္စနဲ့ ရေဝေးသုဿာန်သို့ သွားရောက်ခဲ့သူ ပြည်သူတစ်ဦးမှ သူမျက်မြင်တွေ့ရှိခဲ့ရတဲ့ မြင်ကွင်းတွေကို အခုလို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။


အရင်ကဆို နာရေးကားတွေ တစ်စီး၊နှစ်စီးပဲရှိတဲ့ ရေဝေးသုဿန်ဟာ ဒီနေ့တစ်နေ့တည်းနဲ့တင် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးကြ၊ရောဂါအခံရှိသူတွေ အသက်ကြီးပိုင်းတွေ၊ သံသယလူနာတွေကို တိုက်ရိုက် သဂြိုလ်ခဲ့ကြရပါတယ်။ မီးသဂြိုလ်စက်အပေါက်မှာ သဂြိုလ်ဖို့တန်းစီနေရတဲ့ မြင်ကွင်းဟာ တစ်ခါမှမမြင်ဖူးတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းဟာ အလွန်ကြီးမားပြီး အမှားလည်း မခံတဲ့အတွက် အရင်လို ငွေနဲ့ အသက်ဆက်လို့ရတဲ့ ဆေးရုံ၊ဆေးခန်းတွေကလည်း အောက်ဆီဂျင်ကျနေပြီဆိုတာနဲ့ အပေါက်ကနေ ပြန်လွှတ်တာပါ။ ဒါ့ကြောင့် မိမိကိုယ်ကိုအထူးဂရုစိုက်ကြပြီး တစ်ခုခုဆို နားလည်တတ်ကျွမ်းတဲ့ သူများနဲ့သာ တိုင်ပင်သင့်ပါတယ်။ သတိပေးစာတွေ ဆေးပညာ အသိပေးသတင်းများကို သေချာနားထောင်ပြီး အခုလို ကပ်ဆိုးကြီးဘေးမှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader


