ရောဂါကူးစက်ခံရပေမယ့် စိတ်ဓာတ်မကျဘဲ စိတ်ခွန်အားအပြည့်နဲ့ စားသောက်နေထိုင်ရင်း ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်နိုင်ခဲ့​တဲ့ အဘွားအိုတစ်ဦး

//s9.kh1.co/6a/6afdead2dfc2b9ba20cba9e5b1c89584a4272241.jpg
နေ့စဉ်သတင်းများ

 ၁၂-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

ရောဂါကူးစက်ခံရပေမယ့် စိတ်ဓာတ်မကျဘဲ စိတ်ခွန်အားအပြည့်နဲ့ စားသောက်နေထိုင်ရင်း ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်နိုင်ခဲ့​တဲ့ အဘွားအိုတစ်ဦး

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ တစ်ဖြည်းဖြည်းများပြားလာနေပြီး ကူးစက်ခံရတဲ့လူနာတွေလည်း အများအပြားသေဆုံးနေပါတယ်။ အောက်ဆီဂျင်အရေးပေါ်လိုအပ်နေပေမယ့် မရရှိဘဲ အသက်သေဆုံးသွားတဲ့သတင်းတွေ၊ ကိုဗစ်ကူးစက်ခံရတဲ့သတင်းတွေကို နေ့စဥ်နဲ့အမျှ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြားသိနေရတာကြောင့် ကိုဗစ်လူနာတွေအပါအဝင် ပြည်သူအချို့ဟာ စိတ်ဓာတ်ကျနေကြပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက် ပြည်သူအချို့က စိတ်ခွန်အားဖြစ်စေမယ့် သတင်းတွေမျှဝေပေးတာမျိုး၊အချင်းချင်းအားပေးစကားပြောဆိုတာမျိုးတွေ ပြုလုပ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ အဘွားအိုတစ်ယောက်ဟာ လူကြီးဖြစ်ပေမယ့် စိတ်ဓာတ်မကျဘဲ စိတ်အားထက်သန်မှုအပြည့်နဲ့ စားသောက်နေထိုင်ရင်း ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။အဘွားအိုတောင်အခုလို တိုက်ထုတ်နိုင်တာမို့ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူတွေအနေနဲ့စိတ်ဓာတ်မကျဖို့နဲ့ အားမငယ်ကြဖို့ ပြည်သူတွေက တိုက်တွန်းပြောဆိုနေကြပါတယ်။ အဆိုပါအဘွားအိုရဲ့ သားဖြစ်သူကတော့ စိတ်ဓာတ်မာကျောတဲ့ မိခင်ဖြစ်သူရဲ့ အကြောင်းကို ပြည်သူတွေစိတ်ခွန်အားဖြစ်စေဖို့အတွက် ပြောပြလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါအဘွားအိုက ကိုဗစ်ရောဂါကူးစက်ခံထားရလို့ မစားချင်မသောက်ချင်ဖြစ်နေပေမယ့်လည်း အားရှိဖို့အတွက် ရှိတဲ့ အစားအစာတွေကို အကုန်စားသောက်ပြီးကျန်းမာအောင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ အဘွားအိုက ကိုဗစ်ရောဂါကို တိုက်ထုတ်နိုင်ခဲ့တဲ့ သူ့အတွက်စိတ်မပူဖို့ သားဖြစ်သူကိုမှာကြားရင်း " အရေးတော်ပုံ အောင်ရမည် ဟဲ့" ဆိုပြီးလက်(၃)ချောင်းထောင်ပြခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရပြီး စိတ်ဓာတ်ကျနေတဲ့ ပြည်သူတွေအနေနဲ့ အဆိုပါအဘွားအိုလိုပဲ စိတ်ခွန်အားအပြည့်နဲ့ ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T