ပြည်သူတွေအားလုံး အခက်အခဲတွေကိုယ်စီ ရင်ဆိုင်ရတဲ့ ဒီလိုအချိန်မှာ အများစုကတော့ စားဝတ်နေရေး မပြေလည်မှုတွေနဲ့ ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ် ။ အာဏာသိမ်းခံရပြီး နောက်ပိုင်းကတည်းက ပြည်သူတွေအနေနဲ့ အလုပ်အကိုင်တွေ အဆင်မပြေဖြစ်နေတဲ့အပြင် ကိုဗစ်ရောဂါပိုးကပါ ပိုမိုကူးစက်ပျံ့နှံ့လာပြီ ဖြစ်ပါတယ်။ နေ့စဥ်နဲ့အမျှ သေဆုံးနေရတဲ့ ပြည်သူတွေထဲကမှ အာဟာရပြတ်ပြီး ကွယ်လွန်သွားတဲ့ ပြည်သူတစ်ယောက်ရဲ့အကြောင်းကလည်း တကယ့်ကို စိတ်မကောင်းစရာလှပါတယ်။


အစားအသောက်တွေ ချက်ပြုတ်ပြီး အမြဲလိုလိုလှူဒါန်းပေးနေတဲ့ စေတနာရှင်အမျိုးသမီးတစ်ဦးက ဒီအကြောင်းကို ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ သူမကတော့ ယနေ့မနက်ပိုင်းမှာ ဝင်လာတဲ့ဖုန်းတစ်ခုကြောင့် စောစောစီးစီးငိုမိကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ် ။ ဖုန်းဆက်သူကတော့ ဒဂုံဆိပ်ကမ်းယုဇနမှာနေတဲ့ အသိတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကပဲ သူမထမင်းထုပ်သွားဝေတဲ့နေရာက အန်တီကြီးတစ်ယောက် ဆုံးပါးသွားကြောင်း လှမ်းပြောခဲ့တာ ဖြစ်ပါတယ် ။


တိုက်ခန်းမှာ တစ်ယောက်တည်းနေတဲ့ အဲ့ဒီအန်တီကြီးက Covid ကြောင့် သေဆုံးရတာမဟုတ်ဘဲ စားရမဲ့သောက်ရမဲ့ဘဝနဲ့ အာဟာရပြတ်ပြီး ကွယ်လွန်သွားရတာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူမလှူဒါန်းခဲ့တဲ့ ထမင်းထုပ်လေးကသာ အန်တီကြီးအတွက် နောက်ဆုံးစားရတဲ့ အာဟာရပြည့် ထမင်းတစ်နပ်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒီအကြောင်းကိုကြားပြီး စေတနာရှင်အမျိုးသမီးခမျာ အိပ်ရာထဲလှိမ့်ပြီး ငိုခဲ့ရကြောင်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့် "ကျူးတဲတွေတင်မဟုတ်ဘူး...တိုက်ခန်းပေါ်မှာ...ကိုယ့်စတိုင်လ်ကိုယ်နေပြီး လူမသိသူမသိ ငတ်နေကြပါပြီ" ဆိုပြီး စိတ်မကောင်းစရာဖြစ်ရပ်အကြောင်း ရင်ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ် ။
Source & Photo Credit-Original Uploader








