စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ရဲ့ အနောက်ဘက် ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂)ရက်နေ့က မြို့ခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတပ်တွေအကြား (၃)ကြိမ်လောက် ပြင်းပြင်းထန်ထန်တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ ဒီတိုက်ပွဲမှာ မြို့ခံပြည်သူ့ကာကွယ်တပ်ဟာ လူအင်အား၊ လက်နက်အင်အားမမျှတတာကြောင့် တပ်ဖွဲ့ဝင်သူရဲကောင်း အများအပြားနဲ့ ဒေသခံပြည်သူတချို့ သေဆုံးသွားခဲ့ရပါတယ်။ ကျေးရွာ (၁၃)ရွာလောက်က ဒေသခံပြည်သူတွေကတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ရပါတယ်။


လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဒေသခံပြည်သူတချို့ကတော့ နေအိမ်တွေမှာ ပြန်လည်လာခဲ့ကြသလို တချို့ပြည်သူတွေမှာတော့ မပြန်ရဲကြသေးပဲ ဘေးလွတ်ရာမှာပဲ ဒုက္ခခံကာနေထိုင်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဏာရှင်လူတစ်စုကလည်း ဒီပဲယင်းမြို့နယ်က ကျေးရွာတချို့ကို အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတင်းကျပ်စွာချထားပြီး ဖမ်းဆီးစစ်ဆေးမှုတွေလည်း ပြုလုပ်နေကြောင်း ကြားသိရပါတယ်။


ဒီနေ့ ဇူလိုင်လ(၈)ရက်နေ့ မနက်ပိုင်းမှာတော့ ကျေးရွာထဲကို ပြန်လည်ရောက်ရှိလာကြတဲ့ ဒေသခံတွေပြည်သူတွေနဲ့ မိသားစုဝင်များက ဦးဆောင်ပြီး တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေအတွက် ရည်စူးကာ ရဟန်း၊ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆုတောင်းအမျှဝေခြင်းများအပြင် လွမ်းသူ့ပန်းခွေများချတာတွေကိုလည်း လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ဒီလို ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကတော့ ပြည်သူတွေအဖို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတွေကို ကောင်းရာမွန်ရာ ရောက်အောင်လည်း Myanmarload ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။



သတင်း အရင်းအမြစ်៖ Source - Original Upload