တောင်ကျရေစီးနေတဲ့ ဆည်ပေါက်ချောင်းကို ကားနဲ့အရဲစွန့်ဖြတ်ရင်း ရေစီးနဲ့အတူမျောပါသွားပြီး အသက်သေဆုံးသွားတဲ့ ကျောက်ပန်းတောင်းကဦးလေးကြီး

//s9.kh1.co/d2/d281b47afd51ecd12718c07e1b616d597e8d6ff4.jpg
နေ့စဉ်သတင်းများ

 ၀၇-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၅ နှစ် က

တောင်ကျရေစီးနေတဲ့ ဆည်ပေါက်ချောင်းကို ကားနဲ့အရဲစွန့်ဖြတ်ရင်း ရေစီးနဲ့အတူမျောပါသွားပြီး အသက်သေဆုံးသွားတဲ့ ကျောက်ပန်းတောင်းကဦးလေးကြီး

အခုရက်ပိုင်းအတွက် မြန်မာနိုင်ငံရဲ့နေရာအနှံ့မှာ မိုးတွေသည်းထန်စွာရွာသွန်းနေတာကြောင့် တောတောင်တွေထဲ နေထိုင်နေရတဲ့ ပြည်သူတွေ၊တောင်သူလယ်သမားတွေအခက်အခဲဖြစ်နေကြပါတယ်။ ဇူလိုင်လ(၆)ရက်နေ့မနေ့ညကတော့ ပုပ္ပါးဘက်မှလာတဲ့ ကားတစ်စီးဟာ ဆည်ပေါက်ချောင်းကိုဖြတ်ကူးရာ တောင်ကျရေစီးနေချိန်ဖြစ်တာမို့ ရေစီးနဲ့အတူ မျောပါသွားခဲ့ပါတယ်။ မျောပါသွားတဲ့ အဆိုပါကားတစ်စီးကို ကျောက်ပန်းတောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကယ်ဆယ်မှုတွေပြုလုပ်ခဲ့ကြကာ ကားမောင်းနှင်တဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အသက်သေဆုံးသွားတဲ့အဆိုပါအမျိုးသားဟာ ဦးတင်ခိုင်ဖြစ်ပြီး ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်နေသူဖြစ်တယ်လို့ သတင်းတွေအရ သိရပါသည်။ဦးတင်ခိုင်ဟာ ည(၈)နာရီအပြင်မထွက်ရအမိန့်ကြောင့် စိတ်လောပြီးကားနဲ့ဖြတ်ကူးရင်း သေဆုံးသွားခဲ့တာဖြစ်နိုင်ကြောင်း ဒေသခံပြည်သူတွေက ပြောဆိုနေကြပါတယ်။ ကျောက်ပန်းတောင်းမြို့နေပြည်သူတစ်ဦးကတော့ ဆည်ပေါက်ချောင်းဟာ မိုးရွာနေချိန်အရမ်းရေစီးသန်တာမို့ ပြည်သူတွေအနေနဲ့ အရဲစွန့်ပြီး ဖြတ်မကူးကြဖို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတစ်ဦးကတော့ " (Juley..6)ညနေ (၇)နာရီဝန်းကျင်လောက်သတိရှိကြပါ မိုးတွေအရမ်းရွာနေပြီး ပုပ္ပါးဘက်မှ..လာသော...ကားတစ်စီး ဆည်ပေါက်ချောင်းကိုဖြတ်ကူးရာကားရေထဲမြောပါ၍လူပါအသက်ဆုံးရှုံးရ ကားရောလူရော ကျောက်ပန်းတောင်း..ကဟုသိရ ဒီချောင်းက..မိုးရွာရင်ရေစီးတစ်အားသန်တယ်ဗျာရေစီး​ နေ​တုန်းဖြတ်မကူးပဲခနတော့စောင့်ကြပါ ခနနေရင်..ရေကျပါတယ်ဟူး.......သတိရှိကြပါ"ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ယခုလိုအချိန်မှာအသွားအလာဂရုစိုက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T