ကြက်တောင်အားကစားသမားဖြစ်တဲ့ သက်ထားသူဇာကတော့ နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေနဲ့ မြန်မာ့ဂုဏ်ဆောင်နေတဲ့ အားကစားမယ်တစ်ဦးပဲ ဖြစ်ပါတယ်..။
နိုင်ငံတကာပြိုင်ပွဲတွေကနေ အတွေ့အကြုံရယူပြီး အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာကတော့ အခုဆိုရင် သူမရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့ပါပြီ..။
သက်ထားသူဇာကတော့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Tokyo ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပြီ ဖြစ်ပါတယ်..။
၂၀၂၀ အိုလံပစ်အားကစားအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတဲ့ နိုင်ငံအလိုက် ကြက်တောင်ကစားသမားစာရင်းကို ဇူလိုင်လ (၅)ရက်နေ့က ကမ္ဘာ့ကြက်တောင် အားကစားအဖွဲ့ချုပ် Badminton World Federation (BWF)မှ ထုတ်ပြန်ကြေညာလိုက်တာပါ..။
သက်ထားသူဇာဟာ တစ်ဦးချင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နှစ်နဲ့ချီအောင် မျှော်လင့်ခဲ့ရတဲ့ သူမရဲ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တဲ့အတွက် ဝမ်းသာနေကာ အကောင်းဆုံးကိုယ်စားပြုကြိုးစားယှဉ်ပြိုင်သွားမယ့်အကြောင်း ပြောပြလာပါတယ်..။
"သက်ထား နှစ်တွေချီပြီးမျှော်လင့်နေတဲ့ အိမ်မက်တကယ်ဖြစ်လာပါပြီ။ Tokyo 2020 Olympic ကို တကယ်၀င်ခွင့်ရခဲ့ပါပြီ။
အားလုံးခက်ခဲနေကြတဲ့အချိန် စိတ်တွေညစ်ညူးနေရတဲ့အချိန်လေးမှာ ခဏလေးပဲဖြစ်ဖြစ် ပြုံးနိုင်အောင်လို့ပါ။
သက်ထားက မြန်မာပြည်သူပြည်သားအားလုံးအတွက် အကောင်းဆုံးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ သက်ထားရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သားအားလုံးရဲ့ အောင်မြင်မှုတွေပါပဲ။.." ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာဖြစ်ပါတယ်..။
အောင်မြင်မှုတွေနဲ့အတူ ပြန်လာနိုင်ဖို့ Myanmarload မှလည်း ပရိသတ်တွေနဲ့အတူ မျှော်လင့်ဆုတောင်းလိုက်ပါတယ်နော်..။
သတင်း အရင်းအမြစ်៖ THAT HTAR THUZAR's Fb Acc