ကိုရီးယားဒရမ်မာတွေကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းတော့သလို တစ်ကားပြီးတစ်ကားကလည်း မရိုးရတဲ့ရသမျိုးစုံနဲ့ကြည့်ရှူသူပရိသတ်တွေကို အပြည့်အ၀ဆွဲဆောင်နိုင်တာကိုတွေ့ရပါတယ်။ ကိုရီးယားမင်းသားချောတွေကလည်း မြန်မာမိန်းကလေးပရိသတ်တွေရဲ့ အသည်းကိုအပြည့်အ၀ဖမ်းစားထားနိုင်ကြပြီး သူတို့ရဲ့ချောမောပြေပြစ်တဲ့ရုပ်ရည်တွေအပြင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ထိပ်တန်းမင်းသားတွေအနေနဲ့ ရပ်တည်နေနိုင်ကြတာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေရရှိထားကြတဲ့ ကိုရီးယားမင်းသားချောတွေထဲမှာမှ အခုလက်ရှိကာလအတွင်း ယောကျာ်းပီသပြီးချောမောလှပတဲ့မျက်နှာပိုင်ရှင်တွေအနေနဲ့ ပရိသတ်တွေ voteပေးသတ်မှတ်ထားကြတဲ့ မင်းသားချော (၁၀)ယောက်ကိုဖော်ပြပေးချင်ပါတယ်။ ဘယ်သူတွေပါ၀င်ပြီးတော့ ဘယ်သူတွေကစာဖတ်သူပရိသတ်တွေရဲ့ အကြိုက်နဲ့တစ်ထပ်တည်းကျလဲဆိုတာ ပြောပေးခဲ့ကြပါဦးနော်။
No.1 Kim Min Jae

No.2 Yoon ShiYoon

No.3 Lee JongSuk

No.4 ASTRO's Cha EunWoo

No.5 Kim YoungKwang

No.6 Yoo SeungHo

No.7 Ji ChangWook

No.8 Im SiWan

No.9 Kim SeonHo

No.10 SF9's RoWoon

သတင်း အရင်းအမြစ်៖ Twitter