Covid 19 ရောဂါကိုအပြင်းအထန်ခံစားခဲ့ရပြီး ဆိုးဝါးလွန်းတဲ့အဖြစ်အပျက်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/17/17b7d054e6309c5d327876cd49726d0db381bf3c.png
နေ့စဉ်သတင်းများ

 ၀၅-လိုင်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ခေတ်ပျက်ကြီးထဲမှာ ငွေရှိရင်တောင်ရောဂါကိုကုနိုင်စွမ်းမရှိတဲ့အကြောင်းကို ဖခင်ဆုံးပါးသွား ခဲ့တဲ့ သမီးဖြစ်သူက သူမတို့မိသားစုရဲ့အဖြစ်အပျက်နဲ့ယှဉ်ပြီး ပြောပြလာခဲ့ပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ အကြောင်းကို " အဖေ SpO2 30-40% လောက်ဘဲရှိတော့လို့ အဖေကို Ambulance နဲ့ အသည်းအသန် ခေါ်ပြီး ဆေးရုံကိုသွားခဲ့ပါတယ် လုံးဝလက်မခံခဲ့ပါဘူး .လူနာနားတောင် လာမကြည့်ပါဘူး oxygen ကျရင် လက်မခံလို့ပါတဲ့ ? ပြင်ပ လူနာတွေဆို လက်မခံလို့ပါတဲ့ !! ဒီလိူ အရေးပေါ် အခြေအနေ ဖြစ်နေတဲ့ လူကို လုပ်ရက်တယ် ပြန်လွှတ်ရက်တယ် လူစိတ်မှရှိသေးရဲ့လား? ဆရာဝန်လုပ်နေတာ လူတွေရဲ့အသက် ကယ်ဖို့မဟုတ်လား ? တခြားဆေးရုံဆက်သွားပါတယ် .အစက Ambulance တံခါးဖွင့်ဖို့ လုပ်တာတောင် မဖွင့်နဲ့ဦးပြောပါတယ် ပြီးမှတံခါးဖွင့်ခိုင်းပြီး အဝေးကနေ လက်မခံနိုင်ဘူး ပြောပါတယ် .လူနာက အရမ်း Oxygen ကျနေလို့ပါ .Ventilator နဲ့ တင်မှရမယ့် အခြေအနေ ဖြစ်တာမို့လို့ပါ ဒီညခဏဖြစ်ဖြစ် လက်ခံပေးပါဆိုတာကို 'ကျွန်တော်တို့ကလည်း Oxygen ကျတဲ့လူနာကို တစ်ခြားကိုပဲလွှဲရတာမို့လို့ပါတဲ့ .အထက်အမိန့်အရ အဲ့လို Oxygen ကျရင် ဒီဆေးရုံမှာ လက်ခံလို့မရလို့ပါတဲ့ အထက်ကမညွှန်ကြားထားလို့ ပါတဲ့ "အရမ်း ယုတ်မာရက်စက်လွန်းတယ် " ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

နောက်ဆုံးလက်လျော့လိုက်ရတဲ့အကြောင်းကိုလည်း " ဘယ်ဆေးရုံမှ လက်မခံလို့ အိမ်ပြန်လာခဲ့ရပါတယ် .နီးစပ်တဲ့ Dr ကလာကြည့်ပြီး အတတ်နိုင်ဆုံး ကုသပေးခဲ့ပါတယ် .ခဏအကြာမှာ အဖေ Oxygen ကျရင်း ကျရင်း ဆုံးပါးသွားခဲ့ပါတယ် အဖေက နောက်ဆုံးအချိန်မှာတောင် ဆေးကုသမှုကောင်းကောင်းခံယူခွင့် မရလိုက်ပါဘူး အဖေက Immune system မကောင်းလို့ virus ကိုခံနိုင်ရည် မရှိလောက်ဘူးဆိုတာသိပေမဲ့ ဆေးရုံကသာလက်ခံပြီး အနည်းငယ်ဆေးကုသခွင့်ရရင် အရမ်းဝမ်းသာမိမှာပါ ဘာပဲဖြစ်ဖြစ်ပါ ဒီနိုင်ငံမှာ လူလာဖြစ်ရတာအရမ်းကံဆိုးပါတယ် လူတစ်ယောက်ရဲ့အသက်ကိုတောင် တန်ဖိုးမထားတဲ့ အဲ့နေ့က ဆရာဝန်တွေကို အရမ်းရွံ့ရှာမုန်းတီးစက်ဆုပ်မိပါတယ် အဖေကောင်းရာမွန်ရာရောက်ပါစေ " ဟုဆိုကာ ရင်နာနာနဲ့ ပြောပြခဲ့ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ကိုယ်ချင်းစာတရားနဲ့ အတ္တစိတ်တွေသာလျော့ချနိုင်ခဲ့ရင် အခုလိုအဖြစ်ဆိုးတွေ ထပ်ပြီးမဖြစ်လာနိုင်ပါဘူး။ ကိုယ့်မိသားစုဝင်တစ်ယောက် အရေးတကြီးဆေးကုသဖို့ လိုအပ်နေပေမယ့် ဘာမှလုပ်မပေးနိုင်ဘဲ ဘေးကနေပဲ ငေးကြည့်ပေးနေရတဲ့အခြေအနေဟာ အတော်လေးကိုဆိုးဝါးလွန်းတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြပါတယ်။ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ သမီးတစ်ယောက်ရဲ့ရင်ထဲက မချိတင်ကဲစကားသံတွေဟာ ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲကို အရှိန်ပြင်းပြင်းနဲ့ ထိခိုက်စေခဲ့ပါတယ်။ ကွယ်လွန်သူလည်း ကောင်းမွန်ရာ ဘုံဘဝမှာ အေးအေးချမ်းချမ်းရှိပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Rightful Owner<br>
Photo Credit - Rightful Owner

သတင်း အရင်းအမြစ်Yadanar's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T