ဒီရက်ပိုင်းတွေမှာဆိုရင် ယာဉ်မတော်တဆမှုတွေကိုလည်း မကြာခဏကြားနေရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။မန္တလေးမြို့မှာတော့ ဆိုင်ကယ်တွေနဲ့ ကားတွေက တစ်လမ်းတည်းသွားလာကြတာကြောင့် ယာဉ်မတော်တဆမှုတွေလည်း ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။မနေ့ညက မန္တလေးမြို့၊မဟာအောင်မြေမှာ ဆိုင်ကယ်နဲ့ကား တိုက်ကြပြီး လူ(၆)ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြတယ်လို့ သိရပါတယ်။ဖြစ်စဉ်ကတော့ ဆိုင်ကယ်က ဓာတ်ဆီဖြည့်ပြီး ဂငယ်ကွေ့ အကွေ့မှာ မျက်နှာချင်းဆိုင်လာတဲ့ ကားကိုဝင်တိုက်တာဖြစ်ပါတယ်။


ကားသမားကလည်း သူ့ရှေ့တည့်တည့်ကိုရောက်လာတဲ့ဆိုင်ကယ်ကို ရှောင်လိုက်တာကြောင့် တစ်ဖက်လမ်းကြောက ကားကိုတိုက်မိပြီး ဓာတ်တိုင်ကိုပါ ဝင်ကြုံးမိသွားတာဖြစ်ပါတယ်။ဆိုင်ကယ်ပေါ်မှာပါလာတဲ့ ကလေးလေးဆိုရင် လွင့်ထွက်သွားတဲ့အထိ ဖြစ်ခဲ့ပြီး ကားပေါ်ကလူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။အနီးနားဝန်းကျင်မှာရှိတဲ့ပြည်သူတွေကတော့ accident ဖြစ်တဲ့သူတွေကို ဝိုင်းဝန်းကူညီပေးကြပြီး Ambulance လည်းခေါ်ပေးကြတာဖြစ်ပါတယ်။


ဝင်ကြုံးမိတဲ့ဓာတ်တိုင်လည်း ပြိုကျလုနီးပါးဖြစ်သွားပြီး တိုက်လိုက်တဲ့ကားလည်း ရစရာမရှိအောင် စုတ်ပြတ်သွားတာဖြစ်ပါတယ်။နှစ်ဖက်လုံးကလည်း အရှိန်နဲ့မောင်းနှင်းကြတာကြောင့် အခုလိုမျိုး လူ(၆)ယောက် ထိခိုက်သွားတဲ့အထိ ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေအနေနဲ့လည်း ယာဉ်မောင်းတဲ့အခါ အရှိန်လျော့မောင်းပြီးအစစအရာရာ သတိဝီရိယထားကြပါလို့ မေတ္တာနဲ့မှာကြားရင်း ယာဉ်မတော်တဆမှုဗီဒီယိုတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Photo Credit:Original Uploder
Source&Video Credit:Original Uploder