သူမရဲ့မွေးနေ့လေးကို စစ်ဘေးရှောင်စခန်းလေးတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ပျော်နေရှာတဲ့ ပရဟိတဆရာ၀န်မလေး

//s9.kh1.co/10/10c9bbe88e63969a800f20c1a0386f17e397aa25.jpg
နေ့စဉ်သတင်းများ

 ၃၀-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

.

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေအရ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ အစားအသောက်ချို့တဲ့မှု၊ ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတာကြောင့် ပရဟိတဆရာ၀န်မလေးတစ်ဦးက သူတတ်တဲ့ပညာနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကုသမှုပေးနေတာလည်းတွေ့ရပါတယ်။

Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc

၎င်းဆရာ၀န်မလေးက စစ်ဘေးသင့်ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျဂရုစိုက်မှုပေးနေပြီး အခက်အခဲတွေကြားကနေ ရိက္ခာတွေလည်းတတ်နိုင်သ၍လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ၎င်းပရဟိတဆရာ၀န်မလေးရဲ့ ၂၅နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့ မွေးနေ့လေးကိုစစ်ဘေးရှောင်စခန်းတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း စစ်ဘေးသင့်ပြည်သူတွေကို ကြက်သားဆန်ပြုတ်နဲ့ ချင်းပန်းသီးလေးတွေ ဝေပေးခဲ့တာကိုတွေ့ရပါတယ်။

Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc

စစ်ဘေးရှောင်ကလေးတွေခမျာ ဆရာ၀န်မလေးကျွေးတဲ့ ကြက်သားဆန်ပြုတ်ကိုအားရပါးရသောက်ကြရင်း ချင်းပန်းသီးလေးတွေယူကာ အတိုင်းမသိပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။ ပုံတွေထဲမှာဆိုရင်လည်း ကလေးငယ်လေးတွေရဲ့ အပြစ်ကင်းစင်တဲ့အပြုံးလေးတွေနဲ့ ဇလုံလေးတွေကိုယ်စီကိုင်ကာ ဝိုင်းဖွဲ့စားသောက်နေကြတဲ့ပုံရိပ်လေးတွေကိုတွေ့မြင်ရတယ်။ အခုလိုကိုယ့်ကျိုးကိုမငဲ့ပဲ စစ်ဘေးသင့်ဒေသတွေမှာကူညီပေးနေတဲ့ ဆရာ၀န်မလေးလည်း မွေးနေ့မှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc
Photo credit-​ A Nyein's Facebook acc

သတင်း အရင်းအမြစ် A Nyein's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T