ခင်သဇင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ များစွာကိုလည်း ရိုက်ကူးထားသူ ဖြစ်ပါတယ်။ဖေဖော်ဝါရီလက စတင်ပြီး နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်း ခင်သဇင်က ပြည်သူတွေဘက်ကနေ ရပ်တည်ပေးကာ သူမ တတ်နိုင်သလောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ခင်သဇင်က ပရိသတ်တွေအတွက် ခွန်အားဖြစ်စေမယ့် စာလေးတွေကိုလည်း မကြာခဏ ရေးတင်လေ့ရှိသူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ရပ်တည်ချက်ကိုလည်း ပွင့်လင်းစွာ ပြောလေ့ရှိသူလည်းဖြစ်ပါတယ်။ ဒီလိုကာလတွေမှာလည်း သူမ ကြိုးစားရှာဖွေထားတဲ့ ချွေးနှဲစာနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နေသူ တစ်ယောက်ပါ ။ မကြာခင်ရက်ပိုင်းကလည်း သူမရဲ့ အဝတ်အထည်တွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါသေးတယ် ။
အခုလည်း အရာရာခက်ခဲနေတဲ့ အခြေအနေတွေမှာ စားနပ်ရိက္ခာ လိုအပ်နေတဲ့ နေရာတွေကို စားသောက်ကုန်များ လှူဒါန်းဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ် ။ ချို့တဲ့ လိုအပ်နေသူတွေကို နည်းသည် များသည် ဖြစ်စေ အဓိက မထားဘဲ စေတနာ ၊ မေတ္တာ အပြည့်နဲ့ လှူဒါန်းခြင်း ကလည်း မွန်မြတ်လွန်းလှပါတယ်နော် ။ ပရိသတ်ကြီး အတွက် အလှူပုံရိပ်တွေကို ပြန်လည်ဝေမျှပေးရင်း ခင်သဇင်လည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။