Covid - 19 ရောဂါဟာ နိုင်ငံအနှံ့အပြားဖြစ်ပွားနေပြီး လူအသက်ပေါင်းများစွာကို သေကြေပျက်စီးနေစေတာကြောင့် ဆိုးရွားလွန်းတဲ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က သတ်မှတ်ကြေညာထားတာပဲ ဖြစ်ပါတယ်..။
မြန်မာနိုင်ငံအတွင်းမှာတော့ တတိယလှိုင်းအဖြစ် ဗီဇပြောင်းကိုဗစ်ရောဂါပြန့်ပွားမှုအပြင် ပြည်တွင်းရေးမငြိမ်သက်တာတွေကြောင့်လည်း ပြည်သူတွေဟာ အန္တရာယ်အခက်အခဲတွေကို အမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေကြတာ ဖြစ်ပါတယ်..။


လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် ကြိုတင်ကာကွယ်မှုတွေနဲ့ ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းပါးနေတာကြောင့် ရောဂါကူးစက်ခံရတဲ့ ကလေးငယ်တွေမှာလည်း မိဘအုပ်ထိန်းသူမပါဘဲ ကိုယ်ထူကိုယ်ထ Q ဝင်ဖို့ ပြင်ဆင်လုပ်ဆောင်နေကြရတာ တွေ့ရပါတယ်..။
မြို့နယ်တော်တော်များများမှာ တစ်စထက်တစ်စ ပြန့်ပွားနေတဲ့ Covid 19 ကြောင့် လာရှိုးမြို့က အသက်(၆)နှစ်အရွယ် ကလေးငယ်လေးမှာလည်း ရောဂါကူးစက်ခံထားရပြီး တစ်ယောက် ကွာရန်တင်းဝင်ခဲ့ရတာကို စိတ်မကောင်းစွာ သိခဲ့ရပါတယ်..။


ကလေးရဲ့ဗီဒီယိုဖိုင်လေးကိုတော့ လာရှိုးမြို့ မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ဝေမျှထားတာဖြစ်ပါတယ်..။
PPE ဝတ်စုံဝတ်ပြီး ကိုယ့်အဝတ်ထုတ်လေးကိုယ်ဆွဲကာ Q ဝင်ဖို့သွားနေတဲ့ ကလေးငယ်လေးရဲ့ ညိုးနွမ်းနေတဲ့ မျက်နှာလေးကတော့ မြင်ရသူတိုင်းကို စိတ်မကောင်းဖြစ်စေမှာ အမှန်ပါပဲ..။
လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ အပြင်သွားတိုင်း မဖြစ်မနေ Mask တပ်ကြဖို့နဲ့ ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ကိုလည်း သတိပေးတိုက်တွန်းလိုက်ချင်ပါတယ်နော်..။

သတင်း အရင်းအမြစ်៖ Hlaing Mintar's Fb Acc