အမေရိကန်မှာကျင်းပတဲ့ Fury Fighting Championship ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားတစ်ယောက် ခါးပတ်ရရှိခဲ့ကြောင်း ကြားသိရပါတယ်။ ဇွန်လ (၂၇) ရက်နေ့က အမေရိကန်မှာ ကျင်းပတဲ့ Fury Fighting Championship Amateur Series 34 ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား Joshua Van Bawi Thawng ကပြိုင်ဘက်ကို အကောင်းဆုံး ထိုးသတ်ပြီး အနိင်ရရှိခဲ့တာကြောင့် ထိုက်ထိုက်တန်တန် ခါးပတ်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။


Fury Fighting Championship ပြိုင်ပွဲမှာတော့ တွဲဆိုင်း (၅)ဆိုင်းယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ယင်းပွဲစဥ်မှာတော့ ချင်းတိုင်းရင်းသားJoshua Van Bawi Thawng ဟာ (၁၂၅) ဝိတ်တန်းမှာ ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။Joshua Van Bawi Thawngဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Ruan ရွာလေးမှာ မွေးဖွားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။


Joshua Van Bawi Thawngဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာပဲ အခြေချနေထိုင်တာဖြစ်ပြီး သူဟာ၂၀၁၉ ခုနှစ်လောက်ကနေ လက်ဝှေ့ကိုစတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဟာ ပြိုင်ပွဲတိုင်းကို အကောင်းဆုံး ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး နာမည်ကြီးပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ဝင်နိင်အောင်လည်း ဆက်လက်ကြိုးစားနေကြောင်း သိရပါတယ်။ ကဲ..ပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြန်တဲ့ ချင်းတိုင်းရင်းသားလေး Joshua Van Bawi Thawngကို ဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦး။
သတင်း အရင်းအမြစ်៖ Source - Original Upload