ရည်ရွယ်ချက်ရှိရှိ အက်စစ်နဲ့ ပက်ခံခဲ့ရတာကြောင့် အရင်လိုမျက်နှာလေး ပြန်မရနိုင်တော့တဲ့ ကောင်မလေး

//s9.kh1.co/f0/f090fb8d8c08a44745c5c771c3971c120e7d78a4.jpg
နေ့စဉ်သတင်းများ

 ၂၇-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၅ နှစ် က

.

Nafiah Ikram လို့ခေါ်တဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ လူစိမ်းအမျိုးသားတစ်ဦးရဲ့ acid နဲ့တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

သူမဟာ ဆေးကျောင်းသူတစ်ဦးဖြစ်ပြီး ညဘက်အိမ်ကိုပြန်လာတဲ့အချိန် ကားရှိရာကနေ အိမ်ရှေ့တံခါးဝကိုလျှောက်လာနေစဥ်အတွင်းမှာ လူစိမ်းအမျိုးသားတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြေးလာပြီး မျက်နှာကို အက်စစ်နဲ့ ပက်တာခံခဲ့ရတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=494,q=100/12/12475ea44c5b0893501b14fd828779dd6dca928e.jpg
https://s9.kh1.co/__image/w=615,h=1026,q=100/4f/4f725e3994d0cd604101b7670a52b2b980cfaf80.jpg

ဒီတိုက်ခိုက်ခံရမှုကြောင့် Nafiah ဟာ မျက်နှာတစ်ခုလုံးနီးပါး စုတ်ပြတ်သွားခဲ့ပြီး အက်စစ်နဲ့ အများဆုံးထိတွေ့ခဲ့တဲ့ဘက်ခြမ်းက မျက်လုံးကလည်း ကွယ်သွားခဲ့ပါတယ်။

အက်စစ်ကြောင့် သူမရဲ့မျက်နှာအရေပြားကလည်း ပျက်ဆီးသွားခဲ့ရပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့က မဖြစ်နိုင်တော့သလို အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအချို့လည်း ထိခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=615,h=1024,q=100/aa/aac9f4a273149516f35827e559dd4e4aa6851336.jpg
https://s9.kh1.co/__image/w=300,h=450,q=100/81/81d476090b19aba61b1d5bb41afe7fd7c6dbe318.jpg

ဒါ့အပြင် သူမရဲ့လည်ချောင်းကပါ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာကြောင့် အစားစားဖို့နဲ့ ရေသောက်ဖို့ကိုတောင် တော်တော်လေးခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

လက်ရှိမှာတော့ Nafish ဟာ ဒဏ်ရာတွေကနေ သက်သာလာခဲ့ပြီး အိမ်ပြန်ရောက်နေပြီဆိုပေမယ့်လည်း သူမရဲ့အရင်ကလို လှပတဲ့မျက်နှာလေးကိုတော့ ပြန်မရနိုင်တော့ပါဘူး။

https://s9.kh1.co/__image/w=300,h=450,q=100/e7/e77b49bcc2550cc6e03e8192dc0dbfe44aa99208.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fd/fd8865b8b06534ff439bb6746ee98028bff3bf92.jpg
https://s9.kh1.co/__image/w=634,h=427,q=100/4d/4dfb215e23e7d1ec4468154e7c42ac8b307bd8d7.jpg

သတင်း အရင်းအမြစ် Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T