ရေမွန်ရဲ့ အရိုးပြာအချို့ကို ထည့်သွင်းပြီး သတိတရဖြစ်အောင် Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို ပြုလုပ်ပေးခဲ့တဲ့ အဆိုတော် နိုဗန်ထူး

//s9.kh1.co/02/02c417e9c9d151dc442593b3d1a337489dc753c3.jpg
နေ့စဉ်သတင်းများ

 ၂၇-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

စစ်အာဏာရှင် စနစ်ကို တော်လှန်နေကြတဲ့ အချိန်ကာလအတွင်းမှာပဲ အဆိုတော် ရေမွန်ဟာ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးရင်း ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့တာကြောင့် အနုပညာမောင်နုမတွေအပြင် ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲ ဖြစ်ခဲ့ရပါတယ်။ ရေမွန်ရဲ့စျာပနပွဲကိုတော့ နိုင်ငံရေးအခြေအနေကြောင့် နောက်ဆုံး ခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာပဲ ကျင်းပပြုလုပ်ခဲ့ပြီး မိသားစုဝင်များ၊ အနုပညာမောင်နုမတွေတချို့နဲ့ ချစ်တဲ့ပရိသတ်တွေက လိုက်ပါပို့ဆောင်ပေးကြတာ တွေ့ရပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 

ဒါ့အပြင် ဇွန်လ(၂၆)ရက်နေ့မှာတော့ ရေမွန်ကို သတိတရဖြစ်အောင်နဲ့ ကမ္ဘာမြေကိုလည်း အကျိုးပြုစေဖို့အတွက် Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို အနုပညာညီအစ်ကို တစ်ယောက်ဖြစ်တဲ့ အဆိုတော် နိုဗန်ထူးက လွတ်မြောက်နယ်မြေမှာပဲ သစ်ပင်အချို့ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် နိုဗန်ထူး စိုက်ခဲ့တဲ့ သစ်ပင်လေးတွေထဲမှာတော့ ရေမွန်ရဲ့ နောက်ဆုံး အရိုးပြာအချို့ကိုလည်း ထည့်သွင်းစိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Novem Htoo fb account
Photo Credit - Novem Htoo fb account
Photo Credit - Original Upload 
Photo Credit - Original Upload 

ဒီ RaymondTree ကမ်ပိန်းလေးမှာလည်း အတူပါဝင်ပြုလုပ်ပေးကြဖို့ကိုလည်း အဆိုတော် နိုဗန်ထူးက ပရိသတ်တွေကို ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်မှာတော့ "ခင်များတို့ ချစ်တဲ့ မည်သူမဆို သေဆုံးသွားတဲ့အခါ အပင်လေးတွေစိုက်ပြီး အစားထိုးတဲ့ အလေ့အကျင့်လေးတွေ ရှိစေချင်တာပါ.....အားလုံးပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်... RaymondTree နဲ့ အပင်ပုံလေးတွေ တွဲတင်ပေးပါနော်..." ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ကဲ... ပရိသတ်ကြီးရေ ရေမွန်ကို သတိရသောအားဖြင့် ဒီသစ်ပင်စိုက်ကမ်ပိန်းလေးမှာပါဝင်ရင်း ကမ္ဘာမြေကို အလှဆင်ကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 

သတင်း အရင်းအမြစ် Source - Novem Htoo fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T