မန္တလေးကစေတနာရှင်ဆရာဝန်မလေးဟာ အရေးအခင်းဖြစ်နေတဲ့ကာလတွေမှာကတည်းက ဒဏ်ရာရသူတွေကိုကုသပေးသလို လက်ရှိမှာလည်း မဖွံ့ဖြိုးသေးတဲ့ဒေသတွေဆီ အရောက်သွားပြီး ဆေးဝါးကုသပေးသလို လိုအပ်တဲ့အကူအညီတွေကိုလည်း မနားတမ်းလုပ်ပေးနေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဓာတ်ဆီတွေအလုံအလောက်စုထားပြီး ဓာတ်ဆီဝယ်ဖို့ခက်ခဲတဲ့ရွာသူရွာသားတွေကို မေတ္တာနဲ့ ဝေမျှပေးနေပါတယ်။ သူမရဲ့အံ့မခန်း စွန့်လွှတ်စွန့်စား ပရဟိတစိတ်ကတော့ လေးစားလောက်စရာကောင်းလွန်းပါတယ်။ ပီတိကိုစားပြီး အားရှိနေတဲ့ဆရာမလေးဟာ ပြည်သူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါပဲ။

ပျော်စရာအတွေ့အကြုံတွေကို " ငြိမ်း ဓာတ်ဆီဆိုင် ဆရာမငြိမ်း ဓာတ်ဆီယူချင်လို့ ဘယ်ရွာကတုန်း … ရွာက …ဘက်ကို ရိက္ခာသွားပို့ဖို့ ဓာတ်ဆီလိုလို့ အော် ဟုတ်ပြီ ယူသွားယူသွား ဆရာမငြိမ်း ဓာတ်ဆီယူချင်လို့ ဘယ်အဖွဲ့တုန်း ..အဖွဲ့က ဟိုနေ့က ၅ပေပါ ပေးလိုက်တယ်လေ အဲ့ဒါဟိုဘက်ကို ပေးလိုက်ပြီ အခုကမီးစက်နိူးဖို့ဆီမရှိလို့ အော်ဟုတ်ပြီ ယူသွားနော် ဆရာမငြိမ်း ဓာတ်ဆီမှတ်လား ရှေ့ကနည်းနည်းလွတ်တဲ့ပေပါထဲက ကြိုက်သလောက်စုပ်ထုတ်သွားတော့ ဒီဘက်မှာက တနေရာနဲ့တနေရာ အရမ်းဝေးလွန်းတော့ ဆိုင်ကယ်နဲ့ဓာတ်ဆီဆိုတာမရှိမဖြစ်အရာပဲ တောင်ပေါ်လမ်းကျဉ်းကျဉ်းလေးတွေ ဆိုင်ကယ်ဘီး တစ်ဘီးချော်ရုံနဲ့ ချောက်ထဲကျနိုင်တဲ့လမ်းတွေပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်တဲ့ လူမျိုးတွေ " ဆိုပြီး သူမရဲ့လက်ရှိဘဝဖြတ်သန်းမှုနဲ့အတူ ပြောပြလာခဲ့ပါတယ်။

ရွာသားတွေရဲ့အခက်အခဲတွေကိုကူညီရင်း ပျော်နေတဲ့အကြောင်းကိုလည်း " တစ်ရွာကနေတစ်ရွာ ရိက္ခာပို့ရင်လည်း ဆိုင်ကယ်လေးနဲ့ ဆေးပစ္စည်းပို့ရင်လည်း ဆိုင်ကယ်လေးနဲ့ တောင်ယာသွားတော့ လည်းဆိုင်ကယ်လေးနဲ့ လူနာလာပြရင်လည်း ဆိုင်ကယ်လေးနဲ့ နောက်ဆုံးစစ်ဘေးရှောင်ထွက်ပြေးကြ တော့လည်း ဆိုင်ကယ်လေးနဲ့ဆိုတော့ ဓာတ်ဆီဆိုတာကမရှိမဖြစ်ပေါ့ အရင်ကတော့ ဆေးပဲကုတယ် အခုကတော့ဓာတ်ဆီပါ စုထားတယ် ဆေးခန်းလာပြရင် အပြန်တခါတည်းဓာတ်ဆီပါထည့်ပေးလိုက်တယ် အခုတော့ရွာထဲမှာရော တခြားပတ်လည်ရွာတွေရော ဓာတ်ဆီလိုသလား ဆရာမငြိမ်းဆီသွား ဖြစ်နေပြီ အရင်က စီးပွါးရေးအရမ်းဝါသနာပါတဲ့ကျွန်တော် အခုတော့တောင်ပေါ်မှာဓာတ်ဆီပေပါတွေနဲ့ ဓာတ်ဆီရောင်းနေပါပြီ ပိုက်ဆံနဲ့တော့မဟုတ်ဘူး ချစ်ခြင်းမေတ္တာတရားနဲ့ပါ " ဟုဆိုကာ အားလုံးပီတိဖြစ်ရအောင်ဝေမျှခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ A Nyein's FB Acc