ဒီမိုကရေစီပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို စာလေးတွေရေးပြီး အားပေးလာခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူ၊ကျောင်းသားများ

//s9.kh1.co/92/92aa85a80ec7871d5e0fa8fda5683a5d99694ab1.jpg
နေ့စဉ်သတင်းများ

 ၂၂-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးကိစ္စတွေကို ရေမြေရပ်ခြားပြည်ပနိုင်ငံတွေကပါ အားပေးကူညီပေးကြပြီး မြန်မာပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ပေးကြတာကို တွေ့ရပါတယ်။ ဒီလို ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတွေထဲမှာတော့ တောင်ကိုရီးယားနိုင်ငံကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် အားပေးထောက်ခံပေးကြသလို အလှူငွေများကူညီထောက်ပံ့ပေးတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း တောင်ကိုရီးယား ကျောင်းသူ၊ ကျောင်းသားတွေက မြန်မာပြည်သူတွေအတွက် အားပေးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြလာတာတွေ့ရပါတယ်။ ဒီကျောင်းသူ၊ ကျောင်းသားလေးတွေကတော့ ဂယောင်ဂီဒို ဟွာဆောင်မြို့မှာရှိတဲ့ Bong-dam High School မှာ ပညာသင်ကြားနေကြတဲ့ အထက်တန်းကျောင်းသားတွေပဲ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီပုံလေးတွေထဲမှာတော့ စာသင်ချိန်လေးမှာ ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခြေအနေကို အားပေးဖို့အတွက် သူတို့ရဲ့ ခံစားချက်လေးတွေကို နံရံမှာကပ်ထားတဲ့ စာရွက်လေးတွေပေါ်မှာ ရေးသားထားသလို ဆိုင်းဘုတ်လေးတွေကိုင်ဆောင်ပြီး အားပေးထားကြတာ တွေ့ရပါတယ်။ ကဲ... ပရိသတ်ကြီးလည်း မြန်မာ့ဒီမိုကရေစီကို အတူတူပါဝင်ပြီး အားပေးကြတဲ့ Bong-dam High School ကျောင်းသားလေးတွေကို ကျေးဇူးတင်စကားလေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T