အဆမတန်ကြီးထွားလာတဲ့ ကျောက်ကပ်ကြောင့် အသက်သေဆုံးနိုင်တဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရတဲ့ အမျိုးသား

//s9.kh1.co/53/5358434956d3a8dc1ac164dc8d9366a4cd5bb541.jpg
နေ့စဉ်သတင်းများ

 ၂၂-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

Warren Higgs လို့ခေါ်တဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကျောက်ကပ် အဆမတန်ကြီးထွားလာတဲ့ ရောဂါဝေဒနာကို ခံစားနေရတယ်လို့ သိရပါတယ်။

ဒီအမျိုးသားဟာ polycystic kidney disease (PKD) ရောဂါဝေဒနာကို ခံစား​နေရတာ ဖြစ်ပြီး ဒီရောဂါကြောင့်ပဲ သူ့ရဲ့ ကျောက်ကပ်တွေ ကြီးထွားလာခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/fd/fd7d911245854129e855248c64c9e4006306fb3d.webp

သူ့ရဲ့ ကျောက်ကပ်တွေ စတင်ကြီးထွားလာတာကတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဖြစ်ပြီး အခုဆိုရင် Warren ရဲ့ ဗိုက်ကြီးဟာ ပုံထဲမှာတွေ့ရတဲ့အတိုင်း တော်တော်လေးကြီးနေပြီပဲ ဖြစ်ပါတယ်။

Warren ဟာ အဆမတန်ကြီးထွားလာတဲ့ ကျောက်ကပ်ကြောင့် အဆုတ်နဲ့ အစာအိမ်ကနေပါ နာကျင်မှုတွေကို ခံစားလာရပြီး အခုဆိုရင် နှလုံးကိုပါ ထိနေပြီလို့ သိရပါတယ်။

ရောဂါပြင်းထန်လာပြီဆိုရင် လှုပ်လဲ မလှုပ်ရှားနိုင် အသက်လဲမရှူနိုင်ဘဲ ဘာမှမလုပ်နိုင်တော့ဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5d/5d356421b89a5c470a616a0806ea568e2fb8524a.webp
https://s9.kh1.co/__image/w=650,h=366,q=100/8b/8b4a27cfc94a47c70e7d2e9b3a172e69e89766b9.webp

Warren ဟာ ကြီးထွားနေတဲ့ သူ့ရဲ့ကျောက်ကပ်တွေက အဆုတ်ကို အရမ်းဖိလာတဲ့အခါမျိုးကြရင် အသက်ရှူမရတော့ပဲ သေဆုံးနိုင်တဲ့ အခြေအနေနဲ့ပါ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Warren ဟာ သူ့ရဲ့ကျောက်ကပ်တွေကို ဖယ်ထုတ်ပြီး ဘဝကိုပြောင်းလဲပေးနိုင်တဲ့ ခွဲစိတ်မှုတစ်ခုကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

သူ့ရဲ့ မိသားစုဝင်တွေကတော့ Warren ရဲ့ခွဲစိတ်မှုအောင်မြင်ပြီး ရောဂါဝေဒနာတွေကနေ သက်သာလာဖို့အတွက် မျှော်လင့်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/22/2218163eaff959ed1d1a23451d424eae989efb00.png

သတင်း အရင်းအမြစ်The Sun

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T