Blackpink အနေနဲ့ သင့်ဆိကို သူတို့ရဲ့ ၅နှစ်ေြမာက်အထိမ်းအမှတ်အဖြစ် '4+1 PROJECT' နဲ့အတူ ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ဂီတလောကထဲမှာ အောင်မြင်မှုများစွာနဲ့ တည်ရှိခဲ့တဲ့ ၅ နှစ်တာကာလအတွက် အထိမ်းအမှတ်ပြုလုပ်ဖို့ Jennie, Rose, Lisa နဲ့ Jisoo တို့ဟာ ' Blackpink The Moive ' ကိုမကြာခင်မှာ ထွက်ရှိဖို့ရှိကြောင်း ကြေငြာခဲ့ပါတယ်။ ဒါဟာ Blink တွေအတွက် သတင်းကောင်းတစ်ခုဖြစ်သလို လက်ဆောင်တစ်ခုဆိုလဲမမှားပါဘူး။
YG Entertainment အနေနဲ့ Blackpink ရဲ့ ၅နှစ်မြောက်အထိမ်းအမှတ်အဖြစ် ' Blackpink The Moive' ဆိုတဲ့ Projectကို ပထမပိုင်းအနေနဲ့ ကြေငြာခဲ့ပြီး Augustမှာထွက်ရှိလာမှာဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ August 8 ရက်နေ့ဟာဆိုရင် Blackpinkရဲ့ ပထမဦးဆုံး ပွဲဦးထွက်တဲ့နေ့ပဲဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ သူတို့ရဲ့ Projectကို August 8 ရက်နေ့မှာ ထွက်ရှိမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ ကိုရီးယားနိုင်ငံအပြင် ကမ္ဘာတစ်၀ှမ်းရှိတဲ့ တခြား နိုင်ငံ၁၀၀မှာလဲ ပြသမှာဖြစ်ပါတယ်။ ရရှိထားတဲ့သတင်းအချက်အလက်တွေအရ ဒီကားလေးဟာ Blackpink အဖွဲ့ရဲ့ ၅ နှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရအခတ်အခဲတွေအပြင် အဖွဲ့၀င်တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာများနဲ့ လှပမှုတွေကို မီးမောင်းထိုးပြသသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ Blink တွေရဲ့အားပေးမှုတွေကိုလည်း ရုပ်ရှင်ထဲမှာတွေ့ရှိရမှာဖြစ်ပါတယ်။ Blackpink အနေနဲ့ ၂၀၂၀တုန်းကလည်း 'BLACKPINK: Light Up the Sky' ဆိုတဲ့ Documentary Film တစ်ခုကိုထွက်ရှိခဲ့ပါသေးတယ်။
သတင်း အရင်းအမြစ်៖ Time Of India