သူ့အတွက်နဲ့အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဒုက္ခပေးနေရင် မြန်မာနိုင်ငံဆီပြန်သွားမယ့်အကြောင်း ပြောပြနေတဲ့ ဂိုးသမားပြည့်လျှံအောင်ရဲ့ဗီဒီယို

//s9.kh1.co/28/28e400dbb01e6fba6008fc9ee1d48c646cbe73a4.jpg
အားကစားသတင်းများ

 ១៧-មិថុនា-២០២១ ២ល្ងាច · ៥ ឆ្នាំមុន

သူ့အတွက်နဲ့အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဒုက္ခပေးနေရင် မြန်မာနိုင်ငံဆီပြန်သွားမယ့်အကြောင်း ပြောပြနေတဲ့ ဂိုးသမားပြည့်လျှံအောင်ရဲ့ဗီဒီယို

ပြီးခဲ့တဲ့ မေလ ၂၈ရက်နေ့က ဂျပန်လက်ရွေးစင်ဘောလုံးအသင်းနဲ့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ပြီး အဆိုပါပွဲစဥ်မှာ မြန်မာလက်ရွေးစင်အသင်းက ၁၀ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းရဲ့ဂိုးသမားပြည့်လျှံအောင်ကတော့ ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နိုင်ငံတော်သီချင်း သီဆိုနေတုန်းလက်သုံးချောင်းထောင်ခဲ့ပြီး အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။ပြည်သူတွေကတော့ သတ္တိရှိရှိနဲ့အာဏာရှင်ဆန့်ကျင်ခဲ့တဲ့ ဂိုးသမားပြည့်လျှံအောင်ကို ချီးကျူးနေကြပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

အာဏာရှင်ဆန့်ကျင်ကြောင်းပြသခဲ့တဲ့ ဂိုးသမားပြည့်လျှံအောင်တစ်ယောက် မြန်မာပြည်ပြန်လာရင် ဖမ်းဆီးခံရနိုင်တာကြောင့် ပြည်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ယခုမှာတော့ မြန်မာလက်ရွေးစင်ဂိုးသမားပြည့်လျှံအောင်ဟာ မြန်မာပြည်ပြန်လာတဲ့လက်ရွေးစင်အသင်းနဲ့အတူ မလိုက်လာတော့ဘဲ ဂျပန်နိုင်ငံမှာပဲ ကျန်ရစ်နေခဲ့ပါတယ်။ ယနေ့မှာတော့ ဂိုးသမားပြည့်လျှံအောင်ဟာ ဂျပန်သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေဆိုပေးနေခဲ့ပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

ဂိုးသမားပြည့်လျှံအောင်ကတော့ " သူ့အတွက်အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် တိုင်းပြည်အခြေအနေတည်ငြိမ်မှ မြန်မာပြည်ပြန်လာမယ့်အကြောင်း၊ သူ့အတွက်နဲ့အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဒုက္ခပေးနေရင် မြန်မာနိုင်ငံဆီပြန်သွားမယ့်အကြောင်း၊ဂျပန်နိုင်ငံနဲ့နိုင်ငံတကာက မြန်မာပြည်အတွက်တရားမျှတမှုရရှိ အောင် ကူညီပေးစေလိုတဲ့အကြောင်း"  ဂျပန်သတင်းထောက်ရဲ့ မေးမြန်းမှုကို ဖြေဆိုပေးရင်းပြောဆိုနေခဲ့ပါတယ်။ သတင်းထောက်တွေရဲ့မေးမြန်းမှုကို​ ပြန်လည်ဖြေကြားနေတဲ့ မြန်မာဂိုးသမားပြည့်လျှံအောင်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Orginal Uploader

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T