ဇွန်လ ၁၅ ရက်နေ့ မနေ့က ဆိုမာလီနိုင်ငံအတွင်းက စစ်စခန်းတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
၎င်းဗုံးခွဲတိုက်ခိုက်မှုဟာ နိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရူးက Degaban စစ်စခန်းမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေလည်း များခဲ့တယ်လို့ သိရပါတယ်။
ဒီအသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူဟာလည်း ၁၅ ယောက်ထက်မနည်းရှိခဲ့ပါတယ်လို့ သိရပါတယ်။
ဆိုမာလီနိုင်ငံအတွင်းမှာ အယ်လ်ရှာဘတ် အစ္စလာမစ်စစ်သွေးကြွ အုပ်စုက ဗုံးခွဲတာတွေ မကြာခဏ လုပ်လေ့ရှိပေမယ့် ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာတော့ သေချာမသိရသေးပါဘူး။
ဒီ Degaban စစ်စခန်း ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်းမှာ ဒဏ်ရာရသူတွေလည်း တော်တော်များများရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဆိုမာလီနိုင်ငံရဲ့တာဝန်ရှိသူတွေဟာ ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
အခုလို ဗုံးခွဲတိုက်ခိုက်ခံရမှုတွေဟာ ဆိုမာလီနိုင်ငံအတွင်းမှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး သေဆုံးသူတွေလည်း အမြဲလိုလိုရှိခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Reuters