အာဏာသိမ်းမှုတွေစတင်ဖြစ်ပွားအပြီး မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ မန္တလေးက ပြည်သူတွေများစွာကလည်း နွေဦးတော်လှန်ရေးမှာပါဝင်ကြရင်း သူရဲ့ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမှာ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေပြုလုပ်နေတုန်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
မနေ့ညကတော့ မန္တလေးမြို့မှာ ထူးထူးဆန်းဆန်းအဖြစ်အပျက်တစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။အကြောင်းကတော့ မန္တလေးမြို့ မြောက်ပြင်မှာ လူအုပ်စုလိုက်ဆန္ဒပြကြွေးကြော်သံတွေကြားနေရတာကြောင့် ရဲတွေအပြေးအလွှားသွားကြည့်ပေမယ့် ဘာတစ်ခုမှ မတွေ့တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အနီးနားမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကလည်း လူအုပ်စုလိုက်ကြွေးကြော်နေတဲ့ အဆိုပါကြွေးကြော်သံကို တကယ်ကြားခဲ့ရပေမယ့် လူအုပ်စုကိုမတွေ့ရကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားနေကြပါတယ်။
ပြည်သူတစ်ဦးက " ထူးဆန်းလိုက်တာ မန်းလေးမြောက်ပြင်မှာ ညသပိတ်လို လူအုပ်စုလိုက်ကြွေးကြော်သံတွေ ကြားရလို့ စခန်းရဲတွေက ဆိုင်ကယ်တွေနဲ့ သုတ်သီးသုတ်ပြာလိုက်ရှာနေကြတယ် တစ်ကယ်က အဲ့မှာ ဘာသပိတ်မှ မလုပ်ဘူးတဲ့ လူအုပ်လိုက်မတွေ့ပေမယ့် အဲ့အသံကို အိမ်တွေကပါ တစ်ကယ်ကြားရတာတဲ့ ဒီညပဲ မန်းလေးက မိတ်ဆွေတင်ထားတာပါ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ညနက်တဲ့အချိန်တွေမှာ ဆန္ဒပြကြွေးကြော်သံလိုလို၊အော်သံလိုလို အသံတွေကို ကြားခဲ့ရကြောင်း ပြည်သူတွေက ရေးသားပြောဆိုနေကြပါတယ်။
Source - Original Uploader