ရစရာမရှိအောင် စိတ်ကြိုက်မွှေနှောက် ဖျက်ဆီးခံထားရတဲ့ ဒီမော့ဆိုမြို့ လမ်းမတစ်လျှောက်က လူနေအိမ်နဲ့ ဈေးဆိုင်များ

//s9.kh1.co/f3/f369687abd063d76914742430d069e69507eb3e9.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူတွေရဲ့ ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲကြီးကတော့ လက်ရှိအခြေအနေတွေမှာ ပိုမိုပြင်းထန်လာနေပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ မျိုးဆက်သစ်လူငယ်တွေကြား တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်..။

တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့အပြင် ပြည်သူပိုင်ပစ္စည်းနဲ့ အသုံးအဆောင်တွေကိုလည်း ရစရာမရှိအောင် စိတ်ကြိုက်ဖျက်ဆီးခံနေကြရပြီး ပြည်သူတွေမှာ အဘက်ဘက်က ဆုံးရှုံးနစ်နာနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit

စစ်ဒုက္ခတွေကို ဆိုးရွားစွာရင်ဆိုင်ကြုံတွေ့ ခံစားနေကြရတဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ ကယားပြည်နယ် ဒီမော့ဆိုမှာလည်း မြို့အတွင်းလမ်းမတစ်လျှောက်လုံးမှာ အိမ်နဲ့ဈေးဆိုင်တွေကို ဖျက်စီးထားကြတာ တွေ့ရပါတယ်..။

လူနေအိမ်နဲ့ ဈေးဆိုင်အများအပြား ဖျက်ဆီးခံရပြီး ပျက်စီးမှုတွေများပြားကာ ဒေသခံတွေ မိမိနေအိမ်ကို ပြန်လို့ရကြောင်း ဖုန်းဆက်အသိပေးတာကြောင့် ပြန်ကြည့်တဲ့အခါမှာ နေအိမ်က ရစရာမရှိအောင် ဖျက်ခံဆီးထားရတာကို စိတ်မကောင်းစွာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit

ဒီမော့ဆိုတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်၊ နေအိမ်တွေအထိ တပ်စွဲထားပြီး ပြည်သူတွေရဲ့ နေအိမ်ထဲထိ ဝင်ရောက်အကြမ်းဖက် ဖျက်ဆီးသလို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပျက်စီးမှုတွေများပြားကာ လူနေအိမ်အနီးတစ်ဝိုက်မှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ တွေ့ရှိတယ်လို့ သိရပါတယ်..။

​ဒေသခံပြည်သူတွေကတော့ အခုလိုအကြမ်းဖက်မှုတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးဖျက်ဆီးခံလိုက်ရတဲ့ မြင်ကွင်းတွေကြောင့် လက်မှိုင်ကျ စိတ်မကောင်းဖြစ်နေကြရတာပါ..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T