South Carolina မှာနေထိုင်တဲ့ Ricky Lee Sneve လို့ခေါ်တဲ့ အသက် ၁၀ နှစ်အရွယ်ကောင်လေးဟာ ပြီးခဲ့တဲ့စနေနေ့က Hudson မှာရှိတဲ့ မြစ်တစ်ခုနားမှာ မိသားစုနဲ့အတူ ကစားနေခဲ့ပါတယ်။
အဲ့အချိန်မှာပဲ Ricky ရဲ့ မွေးချင်း မောင်နှမ အငယ်နှစ်ယောက်ဟာ ရေထဲကိုကျသွားခဲ့ပါတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် Ricky ဟာ အဖေဖြစ်သူနဲ့အတူ မြစ်ထဲကိုဆင်းပြီး သူ့ရဲ့ မောင်နှမတွေကို ကယ်ဖို့လုပ်ခဲ့ပါတယ်။
Ricky ဟာ သူရဲ့ညီမလေး Chevelle ကိုရေထဲကနေ ဘေကင်းတဲ့နေရာထိရောက်အောင် ကယ်တင်ပေးနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ ရေထဲနစ်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။
အဲ့အချိန်ကနေစပြီး Ricky လေးကို ဖခင်ဖြစ်သူရော တာဝန်ရှိသူတွေရောပေါင်းပြီး ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြပြီး သုံးနာရီလောက် ရှာပြီးတဲ့နောက်မှာတော့ လူငယ်လေး Ricky ရဲ့အလောင်းကို ပြန်တွေ့ခဲ့ကြပါတယ်။
မိဘတွေအနေနဲ့လည်း ရေထဲကျသွားတဲ့ ရင်သွေးလေးနှစ်ယောက်က အသက်မသေပဲ ဘေးကင်းခဲ့တယ်ဆိုပေမယ့် သားလေး Ricky ကိုဆုံးရှုံးလိုက်ရတဲ့အတွက် တော်တော်လေး ယူကြုံးမရဖြစ်ခဲ့ကြပါတယ်။
လူတိုင်းကတော့ Ricky ကို hero လို့တင်စားနေကြပေမယ့် ကိုယ့်ရဲ့သားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့ ရင်ထဲမှာတော့ တော်တော်လေးပူလောင်နေမှာ အမှန်ပါပဲ။
ညီမလေးရဲ့အသက်ကို အသေခံပြီးကယ်တင်ပေးသွားတဲ့ Ricky လေးရဲ့လုပ်ရပ်ကတော့ တကယ့်ကိုမလေးစားပဲ မနေနိုင်တဲ့လုပ်ရပ်တစ်ခုပါပဲ။
သတင်း အရင်းအမြစ်៖ Daily Star