စစ်ကောင်စီက မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ စာသင်ကျောင်းတွေပြန်ဖွင့်နေပေမယ့် ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားဦးရေဟာ အနည်းသာရှိနေခဲ့ပါတယ်။ ယခုရက်ပိုင်းတွေအတွင်း ကိုဗစ်ကူးစက်ခံရတဲ့ ပြည်သူတွေတစ်ဖြည်းဖြည်းများလာနေခဲ့သလို ကိုဗစ်ကြောင့်သေဆုံးတဲ့ပြည်သူတွေလည်းရှိနေခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှုတွေရှိနေပေမယ့် စာသင်ကျောင်းတွေကို ဆက်လက်ဖွင့်လှစ်ပြီး သင်ကြားနေတာတွေ့ရပါတယ်။
မနေ့ကတော့ ဧရာဝတီတိုင်း၊ မြောင်မြမြို့၊ နွားကပ်ကျားရွာရှိ ကျောင်းဆရာ/ဆရာမများနဲ့ ရွာသူရွာသားများဟာ စစ်ကောင်စီအရာရှိရဲ့ ခြိမ်းခြောက်ပြောဆိုခြင်းကို ခံခဲ့ရပါတယ်။အကြောင်းကတော့ အဆိုပါနွားကပ်ကျားရွာရှိ မူလတန်းလွန်ကျောင်းမှာ ကျောင်းတက်တဲ့ကျောင်းသား(၄)ယောက်သာရှိတာကြောင့် လမကုန်ခင် တစ်ရွာလုံးမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ ကျောင်းလာတက်ဖို့ ရပ်မိရပ်ဖတွေနဲ့ဆရာမတွေကို စစ်ကောင်စီအရာရှိက ခြိမ်းခြောက်နေခဲ့တာဖြစ်ပါတယ်။အဆိုပါကျောင်းမှာ အရင်နှစ်က ကျောင်းသူကျောင်းသား(၁၈၀)ကျော်ရှိခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါစစ်ကောင်စီအရာရှိက " (၂၁)ရက်နေ့မှာ ကျောင်းတတ်တဲ့စာရင်းတိုးတာလိုချင်တယ် (၂၁)ရက်နေ့မှ ကျောင်းသားတစ်ဝက်ဖြစ်တဲ့ (၉၀)မရှိရင် ခင်ဗျားတို့ကို ကျွန်တော်ပြသနာလာရှာမှာ ၊အဲ့အချိန်ကျရင်ဒီလိုစကားပြောလို့လည်း မရတော့ဘူး၊ကျွန်တော်နဲ့ ထိပ်တိုက်တွေ့ရင်တော့ နာမှာပဲ " ဆိုပြီး ကျေးရွာသူကျေးရွာသားတွေကို ခြိမ်းခြောက်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ မြောင်မြမြို့ နယ်၊ နွားကပ်ကျားရွာက ဆရာ၊ဆရာမတွေနဲ့ကျေးရွာသားတွေကို ခြိမ်းခြောက်ပြောဆိုနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။
Source -Orginal Upload