ဒဏ်ရာရ မြန်မာပြည်သူများအနေဖြင့် အာဏာသိမ်းစစ်အစိုးရပိုင် ဆေးရုံးများတွင် ဖမ်းဆီးချုပ်နှောင်ခံရမည်ကို ကြောက်ရွံ့နေ‌ေကြာင်း ရင်ဖွင့်ပြောဆိုလာသူ တစ်ဦး

//s9.kh1.co/8c/8c43db176ab4118970638466f905b6fbb4054c6e.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်မှန် ထိခိုက်ဒဏ်ရာရခဲ့သည့် ဆန္ဒပြသူများဟာ အဖမ်းခံရပြီး စစ်အစိုးရ၏ ဆေးရုံများတွင် ဆေးကုသမှုခံယူရမှာကုိ စိုးရိမ်လျက်ရှိ‌‌ေနကြပါတယ်။ ဒါကြောင့်လည်း ဒဏ်ရာရပြည်သူတွေဟာ လျို့ဝှက်စွာ ကုသပေးမည့် ဆရာဝန်များကိုသာ အပူတပြင်းရှာဖွေလျှက် ရှိပါတယ်။ AAPP အဖွဲ့၏ အဆိုအရ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြမှုများအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ကျဆုံးခဲ့သူ ၈၆၃ ဦး (ဇွန် ၁၃ ထိ) ရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေဟာလည်း ထောင်ပေါင်းများစွာရှိနေပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

အသက် ၂၄ နှစ်ရှိပြီဖြစ်သော မောင်ဝင်းမျိုး (၎င်း၏လုံခြုံရေးကြောင့်အမည်ပြောင်းထား) သည် ရန်ကုန်မြို့တွင် ဆိုက္ကားနင်းပြီး အသက်မွေးဝမ်းကြောင်းနေသူတစ်ဦးဖြစ်ကာ မတ်လတွင် အာဏာသိမ်းစစ်အုပ်စုကိုဆန့်ကျင်ဆန္ဒပြရင်း ခြေထောက်ကိုသေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီးနောက် အလုပ်မလုပ်နိုင်တော့ပေ။ မောင်ဝင်းမျိုးတွင် ဇနီး၊ ကလေး ၂ ယောက် နှင့်အတူနေထိုင်သော အခန်းတစ်ခန်းသာပါသည့် ကြမ်းပြင်၌ခင်းထားသော မွေ့ယာကို မျက်နှာမကောင်းစွာဖြင့် စိုက်ကြည့်ရင်း “ကျွန်တော် ညဖက်တွေမှာတောင် အိပ်မပျော်ပါဘူး၊ ကျိုးသွားတဲ့ အရိုးနေရာမှာ စတီးရိုးအစားထိုးထည့်ဖို့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ဒုတိယကြိမ်မြောက်ခွဲခန်းဝင်ဖို့အတွက်ကို ဒေါ်လာ ၉၅၀ ခန့် (မြန်မာငွေ ၁၆ သိန်းနီးပါးခန့်) ကုန်ကျနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ဆေးဖိုး မတက်နိုင်သေးပါဘူး။ ကျွန်တော် အလုပ်လည်းမလုပ်နိုင်သလို၊ ပိုက်ဆံလည်းမရှိပါဘူး။ အိမ်နီးချင်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ကျွန်တော့်မိသားစု က ရှင်သန်နေရပါတယ်။” ဟု ပြောခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

မောင်ဝင်းမျိုး၏ ဇနီးက “ကျွန်မတို့ စစ်ဆေးရုံကိုတော့ မသွားရဲတာမို့ ပိုက်ဆံမရှိပေမယ့်လည်း အပြင်ဆေးရုံမှာပဲပြနေရပါတယ်” ဟုပြောခဲ့ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ အခြားသူတွေဟာလည်း သူတို့ရဲ့ဒဏ်ရာတွေကို စစ်အစိုးရဆေးရုံးများတို့ မပြချင်ကြပေ။ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ၏ ဥက္ကဌ ဖြစ်သော မာဂျန် ဘီဆူဂျန်း (Marjan Besuijen) က “ဘယ်သူမှစစ်ဆေးရုံကို မသွားချင်ကြပါဘူး။ အဖမ်းခံရမှာကို ကြောက်ကြလို့ပါ” ဟု ပြောခဲ့ပါတယ်။ MSF ၏ ပြီးခဲ့သည့်လက အစီရင်ခံစာတစ်ခုတွင် " ဒဏ်ရာရ ဆန္ဒပြသမားများကို ဆေးဝါးကုသပေးနေသော ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို အာဏာသိမ်းစစ်အုပ်စုက အကြမ်းဝင်စီးပြီး ဆေးကုသရေးကိရိယာများကို ဖျင်ဆီးခဲ့သည်” ဟု ဖေါ်ပြခဲ့ပါတယ်။ ယင်း ဆေးကုရေးအဖွဲ့မှာ MSF ၏ မြန်မာပြည်ရှိ မိတ်ဖက်ဆေးဝါးကုသရေးအဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သတင်း အရင်းအမြစ်The Japan Time

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T