လတ်တလောမှာဆိုရင် တောထဲရောက်ပြီး ဒုက္ခဆင်းရဲမျိုးစုံကို ခံစားနေရတဲ့ လူငယ်လေးတွေကတော့ ပြည်သူတွေရဲ့အကျိုးကိုသာ ရှေ့တန်းတင်ထားကြတာ ဖြစ်ပါတယ်။အခုလိုမျိုး အနစ်နာခံပြီး ဆောင်ရွက်နေကြတဲ့ လူငယ်လေးတွေကို ပြည်သူလူထုကလည်း ဘေးကင်းပါစေလို့ နေ့တိုင်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာပြည်ရဲ့နေရာအနှံ့မှာ ရှိကြပြီး ရရာလက်နက်ကိုစွဲကိုင်ကာ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။


တောထဲရောက်နေတဲ့ လူငယ်လေးတွေခမျာ အပြင်းအထန်လေ့ကျင့်နေကြပေမယ့် အနေဆင်းရဲ၊အစားဆင်းရဲဖြစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လူငယ်တစ်ဦးက သူတို့စားသောက်နေရတဲ့ ထမင်းတစ်နပ်ကို ပြသလာတာဖြစ်ပါတယ်။တောတောင်ထဲမှာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ဖို့အတွက် ဘာမှမရှိတာကြောင့် ငါးပိရည်နဲ့တို့စရာကိုသာဟင်းလုပ်ပြီး စားနေရတာဖြစ်ပါတယ်။အဟာရပြည့်ဖို့အတွက် ဖြစ်သလိုသာစားသောက်ပြီး ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။


လူငယ်လေးတွေလည်း အခုချိန်မှာ မိဘအိမ်နေရမယ်ဆိုရင် ထမင်းကောင်းကောင်း၊ဟင်းကောင်းကောင်းနဲ့ စားရပြီး နွေးနွေးထွေးထွေး အိပ်စက်အနားယူရမှာပဲဖြစ်ပါတယ်။ပြည်သူတွေကတော့ အခုလို ကိုယ်ကျိုးစွန့်ပြီး ကြိုးစားပေးနေကြတဲ့ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်ကို လေးစားကြပြီး တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။လူငယ်တွေ တောတောင်ထဲမှာ ဘယ်လိုစားသောက်နေထိုင်နေရလဲဆိုတဲ့ အခြေအနေကို ပြည်သူအများအပြားသိအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source&Photo Credit: Original Uploder





