ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံသား Michael Packard ဟာ ဝေလငါးတစ်ကောင်ရဲ့ ပါးစပ်ထဲကို ရောက်သွားခဲ့ပါတယ်။
သူဟာ တံငါသည်တစ်ဦးဖြစ်ပြီး မက်ဆာချူးဆက် ပြည်နယ် ကမ်းခြေအနီး ကျောက်ပုစွန် ရှာဖို့ ရေငုပ်နေခဲ့ချိန်မှာ ကျောခုံးဝေလငါးကြီးတစ်ကောင်ရဲ့ မြိုတာကို ခံခဲ့ရတာလို့ သိရပါတယ်။
၄င်းအမျိုးသားရဲ့ ပြန်လည်ပြောကြားချက်အရတော့ သူဟာ ရေငုပ်နေတုန်းမှာ အရမ်းကြီးမားတဲ့အရာတစ်ခုက တိုးဝှေ့လိုက်သလို ခံစားခဲ့ရပြီး အမှောင်ကျသွားသလို ခံစားခဲ့ရပါတယ်။
Michael Packard ဟာဘာဖြစ်သွားမှန်းမသိတဲ့အတွက် ရုန်းကန်နေခဲ့ပြီး ခဏအကြာမှာ သူဟာ ရေထဲပြန်ရောက်နေတာကို သတိထားမိခဲ့ပြီး ခေါင်းကိုခါယမ်းနေတဲ့ ဝေလငါးကြီးတစ်ကောင်ကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Michael ဟာ တကယ်တော့ ဝေလငါးမြိုတာကိုခံခဲ့ရတာဖြစ်ပြီး ဝေလငါးရဲ့ ပါးစပ်ထဲမှာ စက္ကန့် ၃၀ ကျော် ၄၀ လောက်နေခဲ့ရပါတယ်။
Michael အနေနဲ့လည်း " ကျွန်တော်ဝေလငါးရဲ့ပါးစပ်ထဲကိုရောက်သွားခဲ့ပေမယ့် ပြန်လည် လွတ်မြောက်ခဲ့ပါတယ်၊ ပွန်းပဲ့ဒဏ်ရာတွေတော့ ရခဲ့ပေမယ့်လည်း အရိုးတွေတော့ ကျိုးမသွားခဲ့ပါဘူး” လို့ ပြောကြားထားပါသေးတယ်။
ဝေလငါးရဲ့ ပါးစပ်ထဲရောက်သွားပြီးမှ အသက်လည်းမသေခဲ့သလို ဒဏ်ရာလဲကြီးကြီးမားမား မရခဲ့တဲ့ ဒီအမျိုးသားဟာ ကံတော်တော်လေးကောင်းခဲ့တယ်လို့ ဆိုရမှာပါပဲ...ယ
သတင်း အရင်းအမြစ်៖ Ndtv