မိဘနဲ့ကျေးရွာက အားကိုးအားထားပြုရပြီး ထော်လာဂျီတစ်စီးကို ကူတွန်းပေးနေတုန်း ပစ်သတ်တာခံလိုက်ရတဲ့ အသက်(၂၀)အရွယ်လူငယ်လေး

//s9.kh1.co/ab/abbfbbb903ab3129e15761846d6662b87dc82f3d.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

မိဘနဲ့ကျေးရွာက အားကိုးအားထားပြုရပြီး ထော်လာဂျီတစ်စီးကို ကူတွန်းပေးနေတုန်း ပစ်သတ်တာခံလိုက်ရတဲ့ အသက်(၂၀)အရွယ်လူငယ်လေး

ပြီးခဲ့တဲ့ဇွန်လ(၁၁)ရက်နေ့က ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါတခေါက်ရွာနဲ့ ပဒန်းခို ရွာကြားမှာ စစ်ကောင်စီတပ်တွေရဲ့ အကြောင်းမဲ့ပစ်သတ်ခဲ့မှုကြောင့် အသက်၂၀အရွယ်ရှိ မောင်စောဘဲလခရင်းဟဲတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ မောင်စောဘဲလခရင်းဟဲဟာ ထော်လာဂျီတစ်စီးကို ကူတွန်းပေးနေတုန်း စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီးဆုံးပါးသွားခဲ့ပါတယ်။ရွာသူရွာသားတွေက  အဆိုပါလူငယ်လေးရဲ့ အလောင်းကိုလိုက်လံရှာဖွေပြီး သဂြိုလ်ပေးလိုက်ပြီလို့သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မောင်စောဘဲလခရင်းဟဲဟာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာသူကျေးရွာသားတွေအတွက် ရိက္ခာပြန်လာယူပေးရင်း အခုလိုပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။အဆိုပါကျဆုံးသွားတဲ့ လူငယ်လေးဟာ ဘောလီဘောအားကစားကို အရမ်းကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်သလို မိဘတွေနဲ့ ကျေးရွာသူကျေးရွာသားတွေက အားကိုးအားထားပြုရတဲ့ လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သိတတ်လိမ္မာတဲ့ မောင်စောဘဲလခရင်းဟဲအတွက် ပြည်သူတွေနဲ့ သူရဲ့သူငယ်ချင်းအပေါင်းအဖော်တွေက စိတ်မကောင်းဖြစ်ဝမ်းနည်းနေကြပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မောင်စောဘဲလခရင်းဟဲရဲ့ အစ်မဖြစ်သူကတော့ " မသိသေးတဲ့ သူများနဲ့ သိချင်မယ့် သူများ အတွက် RIP ပါ မောင်လေး ရယ်မိဘ အဒေါ် အမျိုး ရွာသူရွာသား များ အားကိုးအားထားရတဲ့ သူပါ.မောင်စောဘဲလခရင်းဟဲ(ခ)ခွန်းဘဲဘဲ .သေဆုံး.အသက်(၂၀)   (11June 2021)ရင်ဘတ် နှစ် ချက် ပစ် ခံရဒီနေ့ မမေ့နိုင်တဲ့ နေ့တစ်နေ့ RIP ပါ မောင်လေးရယ် အမေက ဘုရားအလိုတော်ပါ တဲ့အဖေက အားတင်းထားပါတဲ့အဒေါ်က ဒီပစ်ခတ်ပွဲ ပြီးရင်သူ့အတွက် ပွဲ လုပ်ကြမယ် တဲ့ မနက်ပိုင်း မှာဒေါတခေါက်ရွာနဲ့ပဒန်းခို ရွာကြားမှာ တဲ့ ပစ်ခံရတာ ကျွန်မ သိရသလောက်နေ့လည်လောက်ရှာတွေ့ပြီးသယ်လာ တယ်တဲ့ သဂြိုလ်ပြီးပါပြီတဲ့ သဂြိုလ် ပေးတဲ့ အမျိုးတွေကျေးဇူးမမေ့ဘူးပစ်ခတ်သွားတဲ့ စစ်သားတွေ က အရပ်ဝတ်နဲ့ ပါ တဲ့ထော်လာဂျီ တစ်စီး ကို တွန်းကူပေးရင်းနဲ့ ပစ်ခံရ ထော်လာဂျီ စက်ထဲ ကလေး နှစ်ယောက်ပါတယ် အကုန်ပစ်ခံရ.သတိထားကြပါ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ပစ်သတ်ခြင်းကိုခံလိုက်ရတဲ့ .မောင်စောဘဲလခရင်းဟဲရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source -Original Uploader

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T