၁၇ နှစ်အရွယ် မိန်းကလေးက ခွေးလေးတွေကို ကယ်တင်ဖို့အတွက် ၀က်ဝံတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှန် video

//s9.kh1.co/88/88d5b8a5353efee573d2b50fe04d5b163f441fed.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

ကယ်လီဖိုးန‌ီးယားပြည်နယ်မှာ ၁၇နှစ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ခွေးလေးတွေကို ကာကွယ်ဖို့ ၀က်ဝံကြီးကိုတိုက်ခိုက်ခဲ့တဲ့ Video တစ်ခုကို ရိုက်ထားမိခဲ့ပါတယ်။ ကောင်မလေးရဲ့ နာမည်ကတော့ Hailey Morinico ဖြစ်ပါတယ်။ သူမအနေနဲ့ ထို Video ထဲကလို အံ့ဩစရာကောင်းတဲ့ လုပ်ရပ်ကို လုပ်မိသွားပုံကိုလည်း ပြောပြခဲ့ပါသေးတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

" ၀က်ဝံကြီး တိုက်ခိုက်နေတဲ့ ခွေးတွေဟာ ကလေးတွေပဲရှိပါသေးတယ်။ ဒါကြောင့် ကလေးတွေကို ကာကွယ်ရမယ်ဆိုပြီး ပြေးသွားခဲ့တာပါ " လို့သူမကပြောပြခဲ့ပါတယ်။ ၀က်ဝံမကြီးဟာ ကလေးနှစ်ယောက်နဲ့အတူ Bradbury မှာရှိတဲ့ အိမ်နောက်ဖေးခြံပေါ်မှာ လမ်းလျှောက်နေခဲ့ပါတယ်။ ၀က်ဝံမကြီးနဲ့ သူမရဲ့ကလေးတွေ လမ်းလျှောက်နေချိန်မှာပဲ Morinico အိမ်မှ ခွေးလေးများထွက်လာကာ ဟောင်ခဲ့ကြပြီး ၀က်ဝံကလေးများလည်း လာရာအတိုင်း ထွက်ပြေးသွားခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

၀က်ဝံမကြီးကတော့ သူမကလေးတွေကို ကာကွယ်ဖို့ ကျန်ခဲ့ပြီး ခွေးလေးတွေကို တိုက်ခိုက်နေခဲ့ပါတယ်။ အဲ့အချိန်မှာပဲ Morinico ဟာပြေးထွက်သွားခဲ့ပြီး ဝက်ဝံကြီးကို တွန်းချကာ ခွေးလေးကို ချီပြီး ထွက်ပြေးသွားသလို ဝက်ဝံမကြီးလည်း လာရာအတိုင်းပြန်ပြေးသွားပါတယ်။ သူမအနေနဲ့ အဲ့‌လိုမ‌ျိုး ၀က်ဝံကိုတွန်းချပစ်နိုင်မယ်လို့လဲ မထင်ခဲ့ဘူးလို့ပြောပြခဲ့ပါသေးတယ်။ ရဲရင့်စွာ ခွေးလေးတွေကို ကယ်တင်ဖို့လုပ်ခဲ့တဲ့ကောင်မလေးရဲ့ Video ကိုလည်း အောက်မှာဖော်ပြလိုက်ပါတယ်။

သတင်း အရင်းအမြစ် Huffpost

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T